spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်းစုံ ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်းစုံ ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်၊ မတ်လ (၃၀)ရက်။

ရန်ကုန်တိုင်းဒေသကြီး ဘိလိယက်နှင့် စနူကာဆပ်ကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက လမ်းမတော်မြို့နယ် Maximun ဘိလိယက်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

စနူကာပြိုင်ပွဲတွင် သော်ဇင်ထက်က အောင်မိုးဝေကို သုံးပွဲ၊ ပွဲမရှိဖြင့်လည်းကောင်း ဘိလိယက်တွင် ဆွမ်လန်းပေါင်က ထွန်းခန့်ကျော်ကို သုံးပွဲနှစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက်ဆုချီးမြှင့်ပေးအပ်ပွဲကို ကျင်းပရာ  စနူကာပြိုင်ပွဲတွင် ပထမဆုရ သော်ဇင်ထက် (တောင်ဥက္ကလာ)၊ ဒုတိယဆုရ အောင်မိုးဝေ (ဒလ)၊ တတိယဆုရ အေးချမ်းမောင် (ကမာရွက်) နှင့် ဘိလိယက်တွင် ပထမဆုရ ဆွမ်လန်းပေါင် (မင်္ဂလာဒုံ)၊  ဒုတိယဆုရ ထွန်းခန့်ကျော်(မင်္ဂလာဒုံ) တတိယဆုရ ကောင်းထက်ဇော်တို့အား ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တံခွန်စိုက်ဖလားဆု ရရှိသွားသော မင်္ဂလာဒုံမြို့နယ်အသင်းအား တိုင်းဒေသကြီးဘိလိယက်နှင့် စနူကာဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်ဦးက ဆုချီးမြှင့်ခဲ့သည်။

ယင်းပြိုင်ပွဲသည် လူငယ်မျိုးဆက်သစ် အားကစားသမား ပေါ်ထွက်လာရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်  ကျင်းပခြင်းဖြစ်ကြောင်း ပြိုင်ပွဲကို မတ် ၂၃ မှ ၃၀ရက်အထိ ကျင်းပခဲ့ပြီး မြို့နယ်များမှ ဘိလိယက်ကစားသမား ၂၁ ဦး စနူကာကစားသမား ၄၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

credit#myanmardigitalnews


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6-%E1%80%98%E1%80%AD%E1%80%9C%E1%80%AD%E1%80%9A%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7-%E1%80%85%E1%80%94%E1%80%B0%E1%80%80%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%BA%E1%80%9C%E1%80%AF%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7