ရန်ကုန်၊ မတ်လ (၃၁)။
2019 Asia Cup-World Ranking Tournament, Stage I Bangkok, March 24 - 31, 2019 ၊ မြားပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သောမြားပစ်အသင်းသည် ထိုင်းနိုင်ငံ ဘန်ကောက် မှ ယနေ့ ည ၉:၀၀ အချိန်တွင် ရန်ကုန်မြို့ သို့ပြန်လည် ရောက်ရှိလာရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန်၊မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးကျော်ဦး၊ ဦးထွန်းမြင့်ဦး ဒု-ညွှန်ကြားရေးမှုးချုပ် ( အားကစားနှင့်ကာယပညာဦးစီးဌာန)၊ ဦးစိုးအောင် ညွှန်ကြားရေးမှုး ( အားကစားနှင့်ကာယပညာဦးစီးဌာန ( အား/ကာ သိပ္ပံ ကျောင်းအုပ် ( ရန်ကုန်) ၊ ဦးအောင်မိုး ညွှန်ကြားရေးမှုး ( အားကစားနှင့် ကာယပညာ ဦးစီးဌာန ၊ ရန်ကုန်တိုင်း) ၊ မြားပစ်အဖွဲ့ချုပ် အလုပ်အမှုဆောင်များနှင့် အားကစားသမားများ မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင်ကြိုဆိုခဲ့ပါသည်။
မြန်မာနိုင်ငံမြားပစ်အသင်းသည် ကိုရီယား ၊ တရုတ် ၊ အိန္ဒိယ ၊တရုတ် တိုင်ပေ၊ ထိုင်း ၊မလေးရှား စသော ကမ္ဘာ့အဆင့် ၊ အာရှအဆင့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ အားကစားသမားပေါင်း ၂၀၂ ဦး အထိပါဝင်ယှဉျပြိုင်သော Asia Cup World Banking Tournament Stage 1 , 2019 ပြိုင်ပွဲ တွင် Recurve Mix Team ပြိုင်ပွဲ တွင် ဒုတိယဆု ရရှိခဲ့ပါသည်။