ရန်ကုန်၊ ဧပြီလ(၂)ရက်။
မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တွင် စခန်း၀င်လေ့ကျင့်နေသည့် ရိုးရာလှေ၊ အနောက်တိုင်းလှေ၊ ကနူး/ကယက်လှေ အားကစားသမားများ၏ ၂၀၁၉ခုနှစ် မတ်လတွင် လေ့ကျင့်မှုဆန်းစစ်ချက်များ ပြုလုပ်ရာတွင် ထူးချွန်ဆောင်ရွက်နိုင်သူများအား သက်ဆိုင်ရာနည်းပြဆရာများမှ အမှတ်ပေးစီစစ်ချက်အရ ဆုရရှိကြသည့် အားကစားသမားများအား အထိမ်းအမှတ်တံဆိပ်၊ ဂုဏ်ပြုကတ်ပြား၊ အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နေ့လည်(၂)နာရီအချိန်က ရန်ကုန်မြို့၊ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရုံး၌ကျင်းပရာ မြန်မာနိုင်ငံလှေလှော် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊ ဒုတိယဥက္ကဋ္ဌများနှင့်အမှုဆောင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးများတက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ဒုတိယဥက္ကဋ္ဌများနှင့်အမှုဆောင်များ၊ အတွင်းရေးမှူးတို့က ကနူးလှေ အမျိုးသားလက်ရွေးစင်လေ့ကျင့်ရေးထူးချွန်ဆုရ ပထမ သန့်ဇင်ဦး၊ ဒုတိယမျိုးလှိုင်၀င်းနှင့်တတိယ စိုင်းမင်းဝေတို့အားလည်းကောင်း၊ ကနူးလှေအမျိုးသမီး လက်ရွေးစင်လေ့ကျင့်ရေးထူးချွန်ဆုရ ပထမ ခိုင်သဇင်ထွန်း၊ ဒုတိယ စန္ဒာမြင့်နှင့် တတိယ အိဇင်မျိုးတို့အား လည်းကောင်း၊ ကနူးလှေ(အား/ကာသိပ္ပံအဆင့်)တွင် ဟိန်းဇော်(သိပ္ပံ-ရန်ကုန်)မှလည်းကောင်း၊ ကယက်လှေ အမျိုးသားလက်ရွေးစင် လေ့ကျင့်ရေးထူးချွန်ဆုရ ပထမ အောင်မျိုးသူ၊ ဒုတိယ အောင်ဇင်ကိုနှင့်တတိယ ထွန်းမင်းသန့်တို့အားလည်းကောင်း၊ ကယက်လှေ အမျိုးသမီးလက်ရွေးစင်လေ့ကျင့်ရေးထူးချွန်ဆုရ ပထမ ခိုင်ခိုင်ထွန်းထွေး၊ ဒုတိယ စုလတ်ဖြူနှင့် တတိယ ဇင်လေးနွယ်တို့အား လည်းကောင်း၊ ကယက်လှေ(အား/ကာသိပ္ပံအဆင့်) ဆက်ကောင်းကိုကိုနှင့်ချစ်စုမွန်(သိပ္ပံ-ရန်ကုန်)တို့အားလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလှေအမျိုးသားလက်ရွေးစင် လေ့ကျင့်ရေးထူးချွန်ဆုရ ပထမ ဝေယံမိုး၊ ဒုတိယ အေးဇော်ဦးနှင့်တတိယ စောထက်အိမ်လှိုင်းတို့အားလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလှေ အမျိုးသမီးလက်ရွေးစင် လေ့ကျင့်ရေးထူးချွန်ဆုရ ပထမ ရွှေဇင်လတ်၊ ဒုတိယ အိဖြူနှင့် တတိယ အေးသူဇာတို့အား လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလှေ (အား/ကာသိပ္ပံအဆင့်) ပြည်ဖြိုးကျော်နှင့်၀င်းသူဇာသိန်း (သိပ္ပံ-ရန်ကုန်)တို့အားလည်းကောင်း၊ ရိုးရာလှေ အမျိုးသားလက်ရွေးစင် လေ့ကျင့်ရေးထူးချွန်ဆုရ ပထမ ကျော်ဇောအေး၊ ဒုတိယ မင်းမင်းဇော်၊တတိယ ထက်ဝေလွင်၊ စတုတ္ထ စောမိုးအောင်နှင့် ပဉ္စမ စိုင်းမင်းအောင်တို့အားလည်းကောင်း၊ ရိုးရာလှေ အမျိုးသမီးလက်ရွေးစင် လေ့ကျင့်ရေး ထူးချွန်ဆုရ ပထမ စောမြတ်သူ၊ ဒုတိယ စုဝေဖြိုး၊ တတိယ မြင့်မြင့်စိုး၊ စတုတ္ထ သက်ဖြိုးနိုင်နှင့် ပဉ္စမ လှလှထွေး တို့အားလည်းကောင်း၊ ရိုးရာလှေ မျိုးဆက်သစ်အဆင့်တွင် ၀င်းထက်အောင်နှင့် ဖြူပပသိန်းတို့အား ဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။