spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးနေ့ (INTERNATIONAL DAY OF SPORT FOR PEACE AND DEVELOPMENT AND PEACE)အထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပွဲကျင်းပ

၂ဝ၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးနေ့ (INTERNATIONAL DAY OF SPORT FOR PEACE AND DEVELOPMENT AND PEACE)အထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပွဲကျင်းပ

 
နေပြည်တော် ၊ ဧပြီလ(၆) ရက်။ 
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂ဝ၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အားကစားဖြင့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးနေ့(INTERNATIONAL DAY OF SPORT FOR PEACE AND DEVELOPMENT AND PEACE) အထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပွဲကို ယနေ့ နံနက်(၇)နာရီ အချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်မှ Mr. Joseph Mariampillai ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဧပြီလ(၆)ရက်နေ့ကို (INTERNATIONAL DAY OF SPORT FOR PEACE AND DEVELOPMENT AND PEACE) IDSPD အပြည်ပြည်ဆိုင်ရာ အားကစားဖြင့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၏ ၂ဝ၁၃ ခုနှစ်၊ အထွေထွေညီလာခံမှ  IOC  ၏ အကူအညီဖြင့် ကမ္ဘာတစ်ဝှမ်းလုံးသို့ ကြေငြာခဲ့ပါသည်။ ၂ဝ၁၄ ခုနှစ်မှစ၍ ကျင်းပလာသည်မှာ ယခုနှစ်ဆိုလျင် (၆)နှစ်ပြည့် ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၉ ခုနှစ်၊ ဧပြီလ(၆)ရက်နေ့တွင် ပါဝင်၍ အခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း၊ 
 
 
 
ဆက်လက်၍ နှစ်စဉ် ဧပြီလ (၆)ရက်နေ့ရောက်တိုင်း အားကစားကိုအသုံးပြု၍ လူမှုရေး ပြောင်းလဲမှုများ၊ လူမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်မှုများ၊ လူမှုအသိုင်းအဝိုင်းများ၊ လူမျိုးချင်း ငြိမ်းချမ်းရေး ရယူရာတွင် ပိုမိုမြန်ဆန်ကြောင်း၊ ထိုကဲ့သို့ အတူကစားခြင်းဖြင့် သင်သည် ငြိမ်းချမ်းရေးရရှိရန် အတွက် ကူညီနိုင်ကြောင်း၊ ငြိမ်းချမ်းရေးသကေင်္တအဖြစ် အဖြူရောင်ကဒ်များကိုင်ဆောင်ကာ ငြိမ်းချမ်းရေး ဓါတ်ပုံများ အတူရိုက်ခြင်း၊ ယခုကဲ့သို့ ချစ်ကြည်ရေးအားကစားပွဲများ ကစားပေးခြင်းဖြင့် ကူညီနိုင်ကြောင်း ပြောကြား ခဲ့ပါသည်။
 
ထို့နောက် ဘောလုံးပွဲကို Team (A)    နှင့် Team (B) နှစ်ဖွဲ့ ဖွဲ့ကာ ကျင်းပရာ ပထမပိုင်းအပြီးတွင်   Physical Fitness Dance ပြိုင်ပွဲတွင် ဆုရအသင်းများမှ ဆုရသီချင်းများဖြင့်  ကပြဖျော်ဖြေခဲ့ကြပြီး ဒုတိယပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားကြရာ (၇)ဂိုးစီ သရေရလဒ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94