spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲအတွက် မြန်မာအားကစားသမားများ စခန်းသွင်းလေ့ကျင့်

အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲအတွက် မြန်မာအားကစားသမားများ စခန်းသွင်းလေ့ကျင့်

 

ရန်ကုန် ဧပြီ (၇)

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့်(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ(16th South East Asian Bodybuilding and Physique Sports Cham-pionship) ပြိုင်ပွဲအတွက် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင် အားကစားဝင်းရှိ စခန်းသွင်းလေ့ကျင့်နေသည့် အမျိုးသားကာယဗလမောင်များနှင့် အမျိုးသမီးကာယကြံ့ခိုင်မှုမယ်များအား ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညီညီ၊ ဒုတိယဥက္ကဋ္ဌ ဦးကျော် သန်းနှင့် အမှုဆောင်များ၊ နည်းပြများ၊ ဒိုင်များ၊ ကာယဗလပညာရှင်များက အောင်မြင်မှုရရှိရန် အားကစားနည်း ဆိုင်ရာ လိုအပ်ချက်များကို မှာကြားခဲ့ကြကြောင်း သိရသည်။

 
"ကျွန်တော်တို့ ကစားသမားတွေကို စခန်းသွင်းပေးထားမယ့် လိုအပ်ချက် တွေရှိနေတယ်။ ကိုယ်ခန္ဓာကြွက်သား၊ ဝိတ်တန်း အတိုးအလျှော့တွေ ပြုလုပ် ရမယ်။ ဧပြီ ၂၁ ရက်မှာ လိုအပ်တာတွေ ထပ်မံပြန်ကြည့်သွားမယ်။ ပြိုင်ပွဲက တစ်လသာလိုတဲ့အတွက် ပြင်ဆင်မှုတွေ ရနိုင်ပါတယ်။ ရွေးချယ်ထားတဲ့ ကစားသမားတွေက ပြိုင်ပွဲအတွေ့အကြုံရှိကြတဲ့အတွက် ရွှေတံဆိပ်တွေ ရရှိနိုင်ပါမယ်" ဟု တွဲဖက်အတွင်းရေးမှူး ကာယဗလပညာရှင် ဦးကျော်စိန်သန်းက ပြောသည်။ 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်ပြိုင်ပွဲတွင် အမျိုးသား ၁၅ တန်း၊ အမျိုးသမီး ခြောက်တန်းနှင့် အမျိုးသား+အမျိုးသမီး အတွဲလိုက် တစ်တန်းပါဝင်ပြီး စုစုပေါင်း၂၂ တန်း ပြည့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်းသိရသည်။ 

အဆိုပါပြိုင်ပွဲတွင် နိုင်ငံ ၁၁ နိုင်ငံ တွင် တီမောနှင့် ဘရူနိုင်းနိုင်ငံမှအပ ကျန် နိုင်ငံများစာရင်းပေးထားကာ အားကစားသမား ၁၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ 
 

 

#သတင်းနှင့်ဓာတ်ပုံ-အာကာစိုး


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE-%E1%80%80%E1%80%AC%E1%80%9A%E1%80%97%E1%80%9C%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%80%E1%80%BC%E1%80%B6%E1%80%B7%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8