spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အမျိုးသမီးများ အကြမ်းဖက်ခုခံကာကွယ်ရေး အခြေခံသင်တန်းဆင်းပွဲကျင်းပ

အမျိုးသမီးများ အကြမ်းဖက်ခုခံကာကွယ်ရေး အခြေခံသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်၊ ဧပြီလ(၈)ရက်။

မြန်မာအမျိုးသမီးများ တစ်ဦးတည်းသွားလာနေသူများ၊ ညဉ့်နက်မိုးချုပ် သွားလာနေရသူများ၊ လူပြတ်သည့်နေရာများသို့ သွားလာနေသူများ၊ နိုင်ငံရပ်ခြားသို့ ပညာသင် သွားရောက်နေသူ အမျိုးသမီးများ အကြမ်းဖက်ခုခံကာကွယ်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကမ်ပိုအဖွဲ့ချုပ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် မြန်မာအမျိုးသမီးများ အကြမ်းဖက်ခုခံကာကွယ်ရေး အခြေခံသင်တန်းဆင်းပွဲကို ၂ဝ၁၉ခုနှစ်၊ ဧပြီလ(၇)ရက်နေ့၊ ညနေ(၄)နာရီအချိန်က ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ မြန်မာနိုင်ငံကမ်ပိုအဖွဲ့ချုပ် လေ့ကျင့်ရေးရုံ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေးနှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံကမ်ပိုအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးအောင်ကျော်သူ၊ ဂျပန်နည်းပြချုပ် MR.YAMA GUSHI နှင့် သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေးနှင့် မြန်မာနိုင်ငံကမ်ပိုအဖွဲ့ချုပ်မှ ဂျပန်နည်းပြချုပ် MR.YAMA GUSHI တို့က သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသား၊သင်တန်းသူများက သရုပ်ပြကစားခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေးက သင်တန်းဆင်း လက်မှတ်များကိုပေးအပ်ခဲ့ပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါ မြန်မာအမျိုးသမီးများ အကြမ်းဖက်ခုခံကာကွယ်ရေး အခြေခံသင်တန်းကို ဧပြီလ(၁)ရက်နေ့မှ (၇)ရက်နေ့ထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသူ(၂ဝ)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-%E1%80%A1%E1%80%80%E1%80%BC%E1%80%99%E1%80%BA%E1%80%B8%E1%80%96%E1%80%80%E1%80%BA%E1%80%81%E1%80%AF%E1%80%81%E1%80%B6%E1%80%80%E1%80%AC%E1%80%80%E1%80%BD%E1%80%9A%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8-%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%86%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95