spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၁၅)ကြိမ်မြောက်မြန်မာ့ရိုးရာစွန်အလှနှင့်စွန်ဖြတ်ပြို်င်ပွဲဆုပေးပွဲကျင်းပ

(၁၅)ကြိမ်မြောက်မြန်မာ့ရိုးရာစွန်အလှနှင့်စွန်ဖြတ်ပြို်င်ပွဲဆုပေးပွဲကျင်းပ

ရန်ကုန်၊ ဧပြီလ(၈)ရက်။

မြန်မာ့ရိုးရာ အားကစားနည်းများကိုဖော်ထုတ်ကာ နိုင်ငံတကာ ရိုးရာအားကစားနည်းများနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရန်နှင့် နိုင်ငံတကာရိုးရာအားကစား သရုပ်ပြပွဲတော်များတွင် မြန်မာ့ရိုးရာအားကစားနည်း ပြသခွင့်ရရှိစေရေးအတွက် ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးကြပ် စီစဉ်မှုဖြင့် မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်မှ ကျင်းပသော ၂ဝ၁၉ခုနှစ်၊ (၁၅)ကြိမ်မြောက် မြန်မာ့ရိုးရာ စွန်အလှနှင့်စွန်ဖြတ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဧပြီလ (၇)ရက်နေ့၊ညနေ(၅)နာရီအချိန်က ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲအပြီးတွင် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် ဥက္ကဌ ဦးသိန်းအောင်၊ မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ဝင်းထွန်းတို့က တစ်ဦးချင်း စွန်ဖြတ်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ကိုမိုး(ဝါးတန်း)၊ ဒုတိယဆုရရှိသော ကိုသက်နိုင်ဝင်း(ခ) ယုန်လေး(လှိုင်သာယာ)၊ တတိယဆုရရှိသော ကိုကျော်စိုး(မြောက်ဒဂုံ)နှင့် နှစ်သိမ့်ဆုရရှိသော ကိုသန်းစိုး(သာကေတ)၊ ရာဇာစိုး (သာကေတ)၊ ဇော်သက်နိုင်(ရန်ကင်း)၊ အောင်မျိုးထွန်း (မြောက်ဒဂုံ)၊ မင်းမင်းလတ်(မြောက်ဒဂုံ) တို့ ကိုလည်းကောင်း၊ မြန်မာနိုင်ငံရိုးရာအားကစား အဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းလင်းသောင်းက အသင်းလိုက်စွန်ဖြတ်ပြိုင်ပွဲတွင် ပထမဆုရရှိသောSky Kite(တာမွေ) အသင်း၊ အသင်းလိုက်ဒုတိယဆုရရှိသော ကွၽဲခတ်သံ(လှိုင်သာယာ) အသင်း၊ အသင်းလိုက် တတိယဆုရရှိသော 555 Lucky Star(တောင်ဥက္ကလာ)အသင်းနှင့် အသင်းလိုက် စွန်ဖြတ်ပြိုင်ပွဲတွင် စတုတ္ထ ဆုရရှိသော ဖျံခြောက်ကောင် (သာကေတ)အသင်းတို့ကို လည်းကောင်း၊ မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ် ဘ႑ာရေးမှူး ဦးစိုင်းဇော်ဇော်က ကူညီပံ့ပိုးသူများနှင့်ဒိုင်လူကြီးများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ်ချီးမြႇင့်ခဲ့ကြောင်းသိရှိရသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%85%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%AC%E1%80%85%E1%80%BD%E1%80%94%E1%80%BA%E1%80%A1%E1%80%9C%E1%80%BE%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%85%E1%80%BD%E1%80%94%E1%80%BA%E1%80%96%E1%80%BC%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%BA%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95