ရန်ကုန် ဧပြီ (၈)
မြန်မာ့လက်ရွေးစင် ကြက်တောင် အားကစားမယ် သက်ထားသူဇာသည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် International Challenge ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကိုဧပြီ ၉ ရက်မှ ၁၄ ရက် အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပ မည်ဖြစ်ပြီး က္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။ သက်ထားသူဇာ သည် ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းလျက်ရှိပြီး အိုလံပစ် ပြိုင်ပွဲဝင်ခွင့်ရမည့် က္ဘာ့အဆင့်ရရန် အတွက် ပြိုင်ပွဲများဆက်တိုက် ယှဉ်ပြိုင်နေခြင်းဖြစ်သည်။
သက်ထားသူဇာသည် ယခုနှစ်ဆန်းပိုင်းတွင် ယူဂန္ဓာနှင့် ကင်ညာ နိုင်ငံ၌ ကျင်းပသည့် ပြိုင်ပွဲများတွင် အောင်မြင်မှုရခဲ့ပြီး မတ်လအတွင်းက နယူးဇီလန်နိုင်ငံ၌ ကျင်းပမည့် ပြိုင်ပွဲ နှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့ သော်လည်း ဗီဇာအခက်အခဲကြောင့် သွားရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ ကြောင်း သိရသည်။ သက်ထားသူဇာ သည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် International Challenge ပြိုင်ပွဲ မတိုင်မီ အပြည်ပြည်ဆိုင်ရာအိုလံပစ် ကော်မတီ၏ အစီအစဉ်ဖြင့် ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်များတွင် ပါဝင်ရန် မတ် ၂၆ ရက်ကတည်းက ဗီယက်နမ်နိုင်ငံ သို့ ကြိုတင်သွားရောက်နေခြင်းဖြစ်သည်။
သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် မတ်လ ဆန်းအထိ နိုင်ငံတကာပြိုင်ပွဲငါးခု ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲလေးခုတွင် အောင်မြင်မှု ရယူနိုင်ခဲ့သည်။ သက်ထားသူဇာသည် အောက်တိုဘာလတွင် အီဂျစ်နိုင်ငံ၌ ကျင်းပသည့် International Challenge ပြိုင်ပွဲတွင် ချန်ပီယံဆု၊ ဖေဖော်ဝါရီတွင် ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့် International Challenge ပြိုင်ပွဲတွင် ချန်ပီယံဆု၊ ဖေဖော်ဝါရီနောက်ဆုံးပတ်မှ မတ်လ ဆန်းအထိ ကင်ညာနိုင်ငံ၌ ကျင်းပသည့် Future Series ပြိုင်ပွဲတွင် ချန်ပီယံဆု ရခဲ့ပြီး ဒီဇင်ဘာတွင် နီပေါနိုင်ငံ၌ ကျင်းပသည့် International Challenge ပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည်။
#ညီမြတ်သော်တာ