spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ်၊ နွေရာသီအခြေခံဝူရှူးသင်တန်းဆင်းပွဲကျင်းပ

၂ဝ၁၉ခုနှစ်၊ နွေရာသီအခြေခံဝူရှူးသင်တန်းဆင်းပွဲကျင်းပ

 
 
ရန်ကုန်၊ ဧပြီလ(  ၉   )ရက်။
 
၂ဝ၁၉ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်ညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း(၁၅)မြို့နယ် နွေရာသီအခြေခံဝူရှူးသင်တန်းကို မတ်လ(၁)ရက်နေ့မှ ဧပြီလ (၇)ရက်နေ့ထိ သင်တန်းသား၊ သင်တန်းသူ (၅၂၁)ဦး တက်ရောက်ခဲ့ရာ အဆိုပါသင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ပဒုမ္မာဝူရှူးအားကစားခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယလွှတ်တော်ဥက္ကဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ခရိုင်မြို့နယ်အရာရှိများ၊ မြန်မာနိုင်ငံဝူရှူးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်ခင်လေး၊ ဒုတိယဥက္ကဌ ဦးဇော်မိုးဝင်းနှင့် အမှုဆောင်များ၊ တပ်မတော်ဝူရှူး ဆပ်ကော်မတီဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီးကျော်စိုးဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သင်တန်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
 
 
 
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သင်တန်းဆင်း အဖွင့်အမှာစကားပြောကြား၍ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဒုတိယလွှတ်တော် ဥက္ကဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်ခင်လေးနှင့် တပ်မတော်ဝူရှူးဆပ်ကော်မတီဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီးကျော်စိုးဦးတို့က အလှူရှင်များအား ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာအား ပေးအပ်ခဲ့သည်။
 
 
 
ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီးဒုတိယလွှတ်တော်ဥက္ကဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ် ဥက္ကဌဒေါ်ခင်ခင်လေးနှင့် တပ်မတော်ဝူရှူး ဆပ်ကော်မတီဥက္ကဌ ဒုတိယဗိုလ်မှူးကြီး ကျော်စိုးဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက မြို့နယ်အလိုက်တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများအား လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
 
 
 
ယင်းနောက် နွေရာသီအခြေခံဝူရှူးသင်တန်းသူ/သင်တန်းသားများနှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ် မျိုးဆက်သစ်လူငယ် အားကစားသမားများက အခြေခံကစားကွက်၊ အဖွဲ့လိုက် ခြေကန်၊ အဖွဲ့လိုက် အဆင့်မြင့်ကျန့်စု(ခ) နှစ်ဖက်သွားဓါး၊ အဖွဲ့လိုက် အခြေခံသောင်းစု(ခ) ဓါးမောက် ၊ အဖွဲ့လိုက် အခြေခံချမ်းချွမ် ၊အဖွဲ့လိုက်အခြေခံ စုပေါင်း၊  နှစ်ယောက်တွဲ အတိုက်(ခ) သွေ့လျန်၊ မောင်ကောင်းခန့်သူမှ အရက်မူးသိုင်းနှင့်အဆင့်မြင့်ကွန်စု(ခ) တုတ်ရှည်၊ မမေသီရိပြည့်စုံမှ အဆင့်မြင့်ချန့်စု(ခ) လှံရှည်တို့အား အသီးသီး သရုပ်ပြသခဲ့ကြကြောင်း သိရှိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%94%E1%80%BD%E1%80%B1%E1%80%9B%E1%80%AC%E1%80%9E%E1%80%AE%E1%80%A1%E1%80%81%E1%80%BC%E1%80%B1%E1%80%81%E1%80%B6%E1%80%9D%E1%80%B0%E1%80%9B%E1%80%BE%E1%80%B0%E1%80%B8%E1%80%9E%E1%80%84%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8%E1%80%86%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95