spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > Physical Education Seminar ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်တက်ရောက်အမှာစကားပြောကြား

Physical Education Seminar ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော်၊ ဧပြီလ(၁ဝ)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Physical Education Seminar  ကျင်းပနိုင်ရေးလုပ်ငန်းည§ိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ(၂)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက် အမှာစကားပြောကြားဆွေးနွေးပါသည်။
 
အဆိုပါညှိနှိုင်းအစည်းအဝေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ အားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်းနှင့် ဦးမြသန်းထိုက်၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချစ်စိန်၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးတင်မောင်ဝင်းနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
 
 
 
ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် National PE Seminar ၌ ပြောကြားမည့် ခေါင်းစဉ်နှင့်ဆွေးနွေးပြောကြားမည့်သူများကို အတည်ပြုဆုံးဖြတ်မည်ဖြစ်ပါကြောင်း၊ ယခုပြုလုပ်မည့် National PE Seminar ဖြစ်သောကြောင့် ကောင်းမွန်တဲ့ရလဒ်များမျှော်မှန်းထားကြောင်း၊ ထွက်ပေါ်လာသည့်ရလဒ်များကို သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးသို့ ပေးပို့အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး (၃)လတစ်ကြိမ်  အကောင်အထည်ဖေါ်ကာ ပြန်လည်ဆန်းစစ်အတည်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
 
ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချစ်စိန်မှ National PE Seminar တွင် ပြောကြားမည့် စာတန်းခေါင်းစဉ်များပြောကြားနိုင်ရေး တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များအား ပေးပို့အကြောင်းကြားခဲ့ရာ ထွက်ပေါ်လာသော စာတမ်းများအနက်National PE Seminar နှင့် သင့်လျော် သော စာတမ်းခေါင်းစဉ်(၄)ခုနှင့် စာတမ်းရှင်အမည်များအား အတည်ပြုပေးနိုင်ရေး တင်ပြဆွေးနွေးခဲ့ပါသည်။
 
ဆက်လက်၍ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းမှ  အားကစားနှင့်ပညာရေးပေါင်းစပ်ဆောင်ရွက်ခြင်းကြောင့် ပိုမိုကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ ကာယပညာရေးအတွက် အားကစားကို အမှန်တစ်ကယ် တာဝန်ယူသောပုဂ္ဂိုလ်များ၊ အားကစားသမားများကို လိုအပ်နေပါကြောင်း၊ National PE Seminar တွင်  ဆွေးနွေးကြမည့် ပညာရှင်များ  ဆွေးနွေးမည့် ခေါင်းစဉ်များအား  အတည်ပြုပေးနိုင်ရေး ဆွေးနွေးတင်ပြပါသည်။
 
 
 
ဆက်လက်၍ အစည်းအဝေးတက်ရောက်ကြသူများမှ National PE Seminar ဖြစ်မြောက်ရေးအတွက် စာတမ်းခေါင်းစဉ်၊ ဆွေးနွေးမည့်သူများ၊ ဆွေးနွေးမည့်အကြောင်းအရာများကို အတည်ပြုပေးနိုင်ရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကျောင်းသားအားကစားပွဲတော်ဖြစ်မြောက်ရေး၊ ကျောင်းကျန်းမာရေးအတွက် ကာယချိန်များတွင် ကျောင်းသားများအား ကြီးကြပ်ပေးနိုင်ရေး၊ ကျောင်းကျန်းမာရေးအတွက် ကျောင်းသား များ အဟာရမှန်ကန်မှုများကိုစစ်ဆေးနိုင်ရေး ဆွေးနွေးမှုများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေး သွားကြောင်း၊ PE သင်တန်းပို့ချရန် လိုအပ်သော အားကစားအထောက်အကူပြုပစ္စည်းများကို အားကစားနှင့်ကာယပညာ ဦးစီးဌာန အားကစားအဖွဲ့ချုပ်များမှ ကူညီပံ့ပိုး ပေးနိုင်ပါရန် လိုအပ်သည့် အကြံပြုချက်များကို ဝိုင်းဝန်း အကြံပေးဆွေးနွေးကြပါသည်။
 
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ National PE Seminar  ကျင်းပနိုင်ရေးအတွက်  လုပ်ငန်းကော်မတီဖွဲ့စည်းပုံများကို ညွှန်ကြားရေးမှူးချုပ်ထံတင်ပြပြီးဖြစ်ကြောင်း၊National PE Seminar ကျင်းပနိုင်ရေးလုပ်ငန်းလိုအပ်ချက်များ ထပ်မံဖြည့်စွက် ဆွေးနွေးတင်ပြပါသည်။
 
ဆက်လက်၍ ဒုတိယဝန်ကြီးမှ နိဂုံးချုပ် အဆုံးသတ်ဆွေးနွေးပြောကြားရာတွင် ပညာရေးနှင့် အားကစားသည် စွယ်တော်ရွက်ကဲ့သို့ အမြဲတမ်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Beach တွင် နေထိုင်သောကလေးများကို Beach နှင့်ပတ်သက်သောအားကစားနည်းများ ကစားနိုင်စေရန်လည်းကောင်း၊ တောင်တန်းတွင် နေထိုင်သောကလေးများကို တောင်တန်းနှင့်ပတ်သက်သော အားကစားနည်းများကစားနိုင်စေရန်လည်းကောင်း၊ ရေခဲတောင်တွင် နေထိုင်သောကလေးများကို ရေခဲတောင် နှင့်ပတ်သက်သော အားကစားနည်းများကစားနိုင်စေရန်လည်းကောင်း ကြိုးစားနေပါကြောင်း  ပြောကြားသွားကြောင်း သိရှိရပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/physical-education-seminar-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%B1%E1%80%B8%E1%80%8A%E1%80%BE%E1%80%AD%E1%80%94%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%85%E1%80%8A%E1%80%BA%E1%80%B8%E1%80%A1%E1%80%9D%E1%80%B1%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A