spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနှစ်ကူးအကြို မဟာလမ်းလျှောက်သင်္ကြန်ပွဲကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်ဆင်နွှဲ

မြန်မာနှစ်ကူးအကြို မဟာလမ်းလျှောက်သင်္ကြန်ပွဲကျင်းပ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တက်ရောက်ဆင်နွှဲ

 
နေပြည်တော်၊ ဧပြီလ(၁၁)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့မှ ယနေ့နံနက်(၁ဝ)နာရီအချိန်တွင် မြန်မာနှစ်ကူးအကြို လမ်းလျှောက်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဘတ်စကက်ဘောရုံတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်ဇနီး၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်များဖြစ်ကြသော ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ သာထွန်းကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယၫညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးကျော်ဆန်း နှင့် ဦးမြသန်းထိုက်၊ မြန်မာ့အားကစားကို ကူညီထောက်ပံ့ပေးနိုင်ရေးတရုတ်နိုင်ငံဆိုင်ရာ ကွင်းဆင်းလေ့လာရေး ကိုယ်စားလှယ်အဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းမိသားစုများ ပျော်ပျော်ပါးပါး တက်ရောက် ဆင်နွှဲကြပါသည်။
 
 
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ညွှန်ကြာရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများမှ သပြေခက်နှင့်ရေပက်ဖျန်းပေးကြိုဆိုခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်း မိသားစုများအား သပြေခက်နှင့် ပြန်လည်ရေပက်ဖျန်းပေးခဲ့ကြပြီး ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ပါသည်။
 
 
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင်ယခုကဲ့သို့ မြန်မာနှစ်ကူးအကြို လမ်းလှျောက်မဟာသကြငျ်န်ပွဲကို ဆင်ယင်ကျင်းပရခြင်းကြောင့် များစွာဝမ်းမြောက်ကြောင်း၊ ဝန်ထမ်းမိသားစု များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေကြောင်း ဆုတောင်းစကားများ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
 
 
 
ဆက်လက်၍ ဌာနခွဲအလိုက် စတုဒီသာများအား ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သုံးဆောင်ခဲ့ ပြီးနောက် မဟာသကြငျ်န်လမ်းလျှောက်ပွဲကို အတူဆင်နှှဲခဲ့ကြောင်း သတင်းရရှိပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%80%E1%80%B0%E1%80%B8%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%AF-%E1%80%99%E1%80%9F%E1%80%AC%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%9C%E1%80%BB%E1%80%BE%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9E%E1%80%84%E1%80%BA%E1%80%B9%E1%80%80%E1%80%BC%E1%80%94%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94