ရန်ကုန်၊ ဧပြီလ(၂၁)ရက်။
ဖိလစ်ပိုင်သမ္မတနိုင်ငံ မနီလာမြို့၌ ဧပြီလ(၂၂)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးနှင့် သတင်းပြန်ကြားရေးကော်မတီအစည်းအဝေး (SEAGF Executive Committee Meeting and Broad Casting Committee Meeting)သို့တက်ရောက်ရန် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယနေ့နံနက် (၁ဝ)နာရီခွဲအချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိပုဂ္ဂိုလ်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။