spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပထမအကြိမ် Yangon Water Boom စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပထမအကြိမ် Yangon Water Boom စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဧပြီလ(၂၇ )ရက်။ 

၂ဝ၁၉ခုနှစ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်နှင့် Yangon Water Boom တို့ ပူးပေါင်းကျင်းပသည့်Yangon Water Boom စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ယမုံနာလမ်း ရှုခင်းသာ ပန်းခြံရှိYangon Water Boom အတွင်း၌ ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်နှင့်အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
ရှေးဦးစွာ  မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ရန်ကုန်တိုင်းအမျိုးသမီး အားကစား ဆပ်ကော်မတီဥက္ကဌ ဒေါ်မာလာဝင်းကိုယ်စားYangon Water Boom (GM) ဦးဇော်မိုးမှ ကျေးဇူးတင်နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံစားပွဲတင်တင်းနစ် အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သန်းတို့က စားပွဲတင် တင်းနစ်ကစား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး တစ်ဦးချင်း အလွတ်တန်းပြိုင်ပွဲ၊ အမျိုးသား အသက်(၁၂)နှစ်အောက်၊ အမျိုးသား အသက်(၁၅)နှစ်အောက်၊ အမျိုးသမီး အသက်(၁၅)နှစ်အောက်၊ အမျိုးသား အသက်(၁၈)နှစ်အောက်၊ (လက်ရွေးစင်တန်း၊ ဒုတိယတန်း၊ အပျော်တန်း)နှင့် (အမှတ်ကျောပေးစနစ်)ပြိုင်ပွဲများ ပါဝင်ရာ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း(၂ဝဝ)ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုပေးပွဲ အခမ်းအနားကို ဧပြီလ(၂၈)ရက်နေ့ ၊ ညနေ(၄)နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%91%E1%80%99%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA-yangon-water-boom-%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%84%E1%80%BA-%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95