spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မန္တလေးမြို့တွင်ကျင်းပသည့် (၃၅)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲတွင် စက်ဘီးစီးဝါသနာရှင် ၂၀ဝ ကျော်ပါဝင်ဆင်နွှဲ

မန္တလေးမြို့တွင်ကျင်းပသည့် (၃၅)ကြိမ်မြောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲတွင် စက်ဘီးစီးဝါသနာရှင် ၂၀ဝ ကျော်ပါဝင်ဆင်နွှဲ

မန္တလေး၊ ဧပြီလ (၂၈)ရက်။

(၃၅)ကြိမ်မြောက် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၅ နာရီခွဲက မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့ စုရပ်နရော၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စုပေါင်းစက်ဘီးစီးနင်းပွဲတွင် မန္တလေးတိုင်းဒေသေကြီး အားကစားနှင်‌့ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝဇေင်က အချက်ပြ သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပြီး တိုင်းဒသေကြီးဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် စက်ဘီးအားကစားသမား ဝါနာရှင် (၂၀ဝ) ကျော်တို့ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲကို စက်ဘီးစီးအားကစားနည်းကို ပြည်သူလူတုတစ်ရပ်လုံး စိတ်ပါဝင်စားလာစရေန်၊ စက်ဘီးစီးနည်းခြင်းဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစရေန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်း အားကစားနှင့်ကာယပညာဦးစီးဌာနတို့က ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပြည်သူလူထု စုပေါင်းစက်ဘီးစီးနင်းပွဲကို လစဉ်လ၏ နောက်ဆုံးပတ် တနင်္ဂနွနေ့တွင် ကျင်းပလျက်ရှိရာ မည်သူမဆို အကန့်အသတ်မရှိ မည်သည့်စက်ဘီးနှင့်မဆို ပါဝင်စီးနင်းဆင်နွှဲနိုင်ကြောင်း သိရသည်။

 

 

#crd:mdn.gov.mm

 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%94%E1%80%B9%E1%80%90%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%81%83%E1%81%85%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%9C%E1%80%B0%E1%80%91%E1%80%AF%E1%80%85%E1%80%AF%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%94%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%9D%E1%80%AB%E1%80%9E%E1%80%94%E1%80%AC%E1%80%9B%E1%80%BE%E1%80%84%E1%80%BA