spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ ဒီဇင်ဘာ(၇)ရက်။
 
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိပြီး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက်(၇)နာရီခွဲအချိန်တွင်  ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေး ဘောလုံး ကွင်းများ၌ ကျင်းပရာ ကွင်းအမှတ်(၁)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ကချင် ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကချင်ပြည်နယ်အသင်းမှ(၂)ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ ကွင်းအမှတ်(၃)၌ ချင်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်း မှ(၅)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
ဆက်လက်၍ နေ့လည်(၃)နာရီခွဲအချိန်တွင်  ကွင်းအမှတ်(၁)၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကယားပြည်နယ်အသင်းမှ (၁)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ စစ်ကိုင်းတို်င်းဒေသကြီးအသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ(၄)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိ သွားပါသည်။
 
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်များကို (၉.၁၂.၂ဝ၁၇)ရက်နေ့ နံနက်(၇)နာရီခွဲနှင့် နေ့လည်(၃)နာရီခွဲ များတွင် ဝဏ္ဏသိဒ္ဓိလေ့ကျင်ရေးဘောလုံးကွင်းအမှတ်(၁)နှင့်(၃)တို့တွင် ရခိုင်ပြည်နယ်အသင်းနှင့် ကချင် ပြည်နယ်အသင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့်ကရင်ပြည်နယ်အသင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် မွန်ပြည်နယ်အသင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသဖြင့် ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စားသော မိဘ ပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%87-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%A1%E1%80%9E%E1%80%80%E1%80%BA%E1%81%82%E1%81%85%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%80%A1%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%98%E1%80%B1%E1%80%AC%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-0