ရန်ကုန်၊ ဧပြီလ( ၃ဝ )ရက်။
အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် စက်ဘီး၊ မသန်စွမ်းနှင့် ရိုးရာလက်ဝှေ့အားကစားအသင်းများအား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ယနေ့နံနက်(၉)နာရီ ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏပတ္တမြားခန်းမ၌ တွေ့ဆုံရာ ၂ဝ၁၉ခုနှစ်၊ မေလ(၇)ရက်နေ့မှ(၁၅)ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့မသန်စွမ်းရေကူးအားကစားစီးရီးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်သူအဖြစ် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်း၊ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ နည်းပြဦးစိန်ဝှက်နှင့် ဦးမြခိုင်(လူမှုဝန်ထမ်းဦးစီးဌာန)၊ အားကစားသမားများအဖြစ် ဦးအောင်မြင့်မြတ်(အား/ကာဦးစီးဌာန)၊ နန္ဒစိုးမင်းနှင့် ကျော်ထူးတို့အားလည်းကောင်း၊ (၁၁.၅.၂ဝ၁၉)ရက်နေ့တွင် စင်ကာပူနိုင်ငံ၌ကျင်းပမည့် ၂ဝ၁၉ခုနှစ်၊ အရှေ့တောင်အာရှ တာဝေးဖိတ်ခေါ်စက်ဘီးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်သူအဖြစ် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ နည်းပြချုပ်အဖြစ် မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးဂွၽန်ဆင်း၊ အားကစားသမားများအဖြစ် အောင်ဖြိုးပိုင် (အား/ကာ ဦးစီးဌာန)၊ ဇင်လင်းကို (အား/ကာဦးစီးဌာန)၊ကျော်ထွန်းဦးနှင့် စောအယ်ခူးတို့အား လည်းကောင်း၊ မေလ(၁၄)ရက်နေ့မှ (၁၈)ရက်နေ့အထိ ဂျပန်နိုင်ငံ၌ ကျင်းပမည့် ဖိတ်ခေါ်ရိုးရာ လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဝဏ္ဏ(မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်)၊ ဒိုင်လူကြီး ဦးချစ်ကိုကို (မြန်မာနိုင်ငံရိုးရာလက်ဝှေ့ အဖွဲ့ချုပ်)၊နည်းပြများ အဖြစ် ဦးမြင့်ဦးနှင့်ဦးသက်ထွန်းဦး၊ အားကစားသမားများအဖြစ် မြတ်စိုး၊ စောဆမူးနှင့် တင်ထွန်းအောင်တို့အားလည်းကောင်း တွေ့ဆုံကာ အားပေးအမှာစကား ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းအောင်၊မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဂွၽန်ဆင်းနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အား/ကာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်ကြသည်။
အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာဖိတ်ခေါ်ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက ကြိုတင်ပြင်ဆင်လေ့ကျင့်မှုနှင့် စံချိန်/စံညွှန်းများ ကောင်းမှု အခြေအနေနှင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်မှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ တွေ့ဆုံအမှာစကား ပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစား အဖွဲ့ဝင်များကို ခေါ်ယူတွေ့ဆုံရာတွင် အဖွဲ့ချုပ်များ၏ ကြိုတင်ပြင်ဆင်ထားမှုနှင့် အားကစားသမားတစ်ဦးချင်းစီ၏ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်မှုနှင့် တိုးတက်မှု အခြေအနေများကို သိလိုခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ လိုအပ်ချက်များကို ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း လေ့ကျင့်ပြင်ဆင်ထားသည့် စံချိန်များထက်မနိမ့်ကျဘဲ ပိုမိုကောင်းမွန်သော ရလဒ်ဖြင့် ယှဉ်ပြိုင်စေလိုကြောင်း၊ ပြိုင်ပွဲမယှဉ်ပြိုင်မီ လုံလောက်သည့် warming Up လုပ်ထားဖို့ လိုအပ်ပါကြောင်း၊ အားကစားသမားများ၏ ကျန်းမာရေးလည်း အရေးကြီးပြီး Training ပြီးရင် ပြန်လည်ဖြည့်တင်းရမည့်အာဟာရနှင့် ပြိုင်ပွဲကာလအတွင်း လုံလောက်သော အစာအာဟာရ များကို စနစ်တကျ ကွေၽးမွေးဖို့လိုအပ်ပြီး အားကစားသမားတိုင်း တားမြစ်ဆေးဝါးသုံးစွဲမှု ကင်းစင်ဖို့လည်း အရေးကြီးပါကြောင်း၊ အားကစားသမားတိုင်း တားမြစ်ဆေးသုံးစွဲမှု ကင်းစင်ရေးအတွက် ကမ္ဘာ့နိုင်ငံများကလည်း စောင့်ကြည့် လုပ်ဆောင်နေပြီးဖြစ်ပါကြောင်း၊ အားကစားသမားများ တစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အဖွဲ့ချုပ် တစ်ခုချင်းစီသို့ သွားရောက်ကာ ကျန်းမာရေးနှင့်စောင့်ရှောက်မှုများကို လုပ်ဆောင်ပေးနေပါကြောင်း၊ အထူးသဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် မိမိရရှိထားသည့် စံချိန်ထက် သာလွန်အောင် အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပါဟု လမ်းညွှန်အားပေးစကားပြောကြားပြီးနောက် ဒုတိယဝန်ကြီးမှ ပြိုင်ပွဲဝင်အားကစားအဖွဲ့ဝင်များအား အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားများ တစ်ဦးချင်းအား နှုတ်ဆက်အားပေးခဲ့ ကြောင်း သတင်းရရှိသည်။