spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အာရှကြက်တောင်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်တောင်နည်းပြသင်တန်း Level-1 (၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အာရှကြက်တောင်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်တောင်နည်းပြသင်တန်း Level-1 (၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကျင်းပ

 
နေပြည်တော် ၊ မေလ(၂) ရက်။ 
 
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန အာရှကြက်တောင်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်တောင်နည်းပြသင်တန်း Level-1 (၁/၂၀၁၉)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၇း၃၀)အချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Multipurpose Hall ၌ ကျင်းပပြုလုပ်လျက်ရာ ကျန်းမာရေး နှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အာရှကြက်တောင်အဖွဲ့ချုပ်မှ Mr.Muhammad Andy Ardiansyah၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံကြက်တောင် အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်နှင့် တာ၀န်ရှိသူများ၊ ကြက်တောင်အဖွဲ့ချုပ်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ သင်တန်းသား/သင်တန်းသူများ၊ သင်တန်းနည်းပြများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။
ထို့နောက် သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများမှ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်နှင့် တာ၀န်ရှိသူများအား တစ်ဦးချင်းမိတ်ဆက် ဂါရ၀ပြုကြပါသည်။
 
 
ရှေးဦးစွာ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်တဲ့ Badminton Coaching Course Level-1 ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စုံလင်စွာတက်ရောက်သောကြောင့် ၀မ်းသာပီတိဖြစ်ရကြောင်း၊ ယခုသင်တန်းဖြစ်မြောက်ရေးအတွက် တာ၀န်ယူလေ့ကျင့်ပေးသော အာရှကြက်တောင်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ကိုလည်း ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးကို နည်းစနစ်မှန်ကန်သော ကြက်တောင်အားကစားနည်းများ အမှန်တကယ်ရောက်ရှိသွားမည်ဖြစ်ပြီး ကြက်တောင်အားကစားသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ လေ့ကျင့်သင်ကြားပေးသော သင်ခန်းစာများကို သင်တန်းသားများအနေဖြင့် ကြိုးစားလေ့လာမှတ်သားသင်ယူပြီး နိုင်ငံဂုဏ်ဆောင်နိုင်သော ကြက်တောင်အားကစားသမားများ မွေးထုတ်ပေးနိုင်မည့် နည်းပြကောင်းများဖြစ်လာစေရန် ကြိုးစားသင်ယူစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
 
 
ဆက်လက်ပြီး အာရှကြက်တောင်အဖွဲ့ချုပ်မှ Mr.Muhammad Andy Ardiansyah နှင့် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌ ဦးအောင်ပိုင်တို့မှ သင်တန်းဖွင့်နှုတ်ခွန်းဆက်စကားများနှင့် ယခုသင်တန်းကို Level-1 မှ Level-4 ထိ အဆင့်ဆင့် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို ပြည်နယ်/တိုင်းအသီးသီးမှ စိတ်ပါ၀င်စားပြီး တက်ရောက်ကြသည့်အတွက် အလွန်ကျေနပ်မိပါကြောင်း ပြောကြားခဲ့ပါသည်။
 
အဆိုပါ ကြက်တောင်နည်းပြသင်တန်း (၁/၂၀၁၉)တွင် သင်တန်းသား(၁၇)ဦး၊ သင်တန်းသူ(၃)ဦး စုစုပေါင်း(၂၀)ဦးတို့ တက်ရောက်သင်ကြားပြီး (၂.၅.၂၀၁၉)ရက်နေ့မှ (၉.၅.၂၀၁၉)ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94