spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲဆက်လက်ကျင်းပ

၂ဝ၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲဆက်လက်ကျင်းပ

နေပြည်တော် ၊ မေလ(၂) ရက်။      

တစ်မျိုးသားလုံးရှိ လူငယ်/လူရွယ်များ ကျန်းမာကြံ့ခိုင်မှု၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုများနှင့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပွဲစဉ်များအား ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။

တတိယနေ့တစ်ဦးချင်းအုပ်စုပွဲစဉ်များကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လှည့်လည်ကြည့်ရှုအားပေးရာ အပြည်ပြည်ဆိုင်ရာ အသက်(၂ဝ)အောက် စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် စုစုပေါင်း(၅၃)ဦးသည်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အလွတ်တန်းစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် စုစုပေါင်း (၅၃)ဦးသည်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင် စုစုပေါင်း (၄၃)ဦးသည်လည်းကောင်း၊ မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင် စုစုပေါင်း (၄၇)ဦးသည်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင် လျက်ရှိကြောင်း သတင်းရရှိပါသည်။

အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ဧပြီလ(၃ဝ)ရက်နေ့မှ မေလ(၇)ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ နေ့စဉ်နံနက်(၉)နာရီအချိန်မှ စတင်၍ ဆက်လက် ယှဉ်ပြိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက်အားပေးနိုင်ပါကြောင်း သိရှိရပါ သည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95