spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌဖလား အလွတ်တန်း ဖိတ်ခေါ် Dance Fit Expo (Myanmar Fitness Dance) ZUMBA ပြိုင်ပွဲဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌဖလား အလွတ်တန်း ဖိတ်ခေါ် Dance Fit Expo (Myanmar Fitness Dance) ZUMBA ပြိုင်ပွဲဖွင့်ပွဲကျင်းပ

 
ရန်ကုန်၊ ဇန်နဝါရီလ( ၄ )ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌဖလား အလွတ်တန်း ဖိတ်ခေါ်Dance Fit Expo (Myanmar Fitness Dance) ZUMBA ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ သဃင်္န်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
 
ရှေးဦးစွာ ရခိုင်တိုင်းရင်းသားရေးရာ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဒေါက်တာဦးဇော်အေးမောင်က အဖွင့်အမှာစကားပြောကြား၍ မြန်မာနို်င်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေး က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
 
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသားရေးရာ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဒေါက်တာဇော်အေးမောင်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယကများ၊ ဥက္ကဌ ဒေါ်ခင်လေးနှင့် အမှုဆောင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်၍ အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။
 
ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်သို့ အလှူရှင်များက လှူဒါန်းငွေများပေးအပ်ရာ လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ရခိုင်တိုင်းရင်းသားရေးရာ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဒေါက်တာဇော်အေးမောင်၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နာယက ဒေါ်နန်းအေးခိုင်တို့ကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
 
ဆက်လက်၍ Fitness Dance များက သရုပ်ပြသပြီး ပြိုင်ပွဲကိုစတင်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၁၅)သင်း၊ စုစုပေါင်း အားကစားသမားဦးရေ (၇၅)ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး မေလ(၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်တွင် ဆုပေးပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%A1%E1%80%9C%E1%80%BD%E1%80%90%E1%80%BA%E1%80%90%E1%80%94%E1%80%BA%E1%80%B8-%E1%80%96%E1%80%AD%E1%80%90%E1%80%BA%E1%80%81%E1%80%B1%E1%80%AB%E1%80%BA-dance-fit-expo-myanmar