spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > Myanmar C.P တင်းနစ်ပြိုင်ပွဲဖွင့်ပွဲကျင်းပ၊ ပြိုင်ပွဲနှင့်ရေကူး လူရွေးချယ်ပြိုင်ပွဲများ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ကြည့်ရှု

Myanmar C.P တင်းနစ်ပြိုင်ပွဲဖွင့်ပွဲကျင်းပ၊ ပြိုင်ပွဲနှင့်ရေကူး လူရွေးချယ်ပြိုင်ပွဲများ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ကြည့်ရှု

 
ရန်ကုန်၊ ဇန်နဝါရီလ(   ၄  )ရက်။
 
၂ဝ၁၉ခုနှစ်၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်Myanmar C.P  ဖလား(ဇုံ)လိုက် နောက်ဆုံးအဆင့် တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁ဝ)နာရီက ရန်ကုန်မြို့ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
 
ယနေ့ကျင်းပသည့် Myanmar C.P  ဖလားတင်းနစ်ပြိုင်ပွဲသည် တင်းနစ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်ပြီး  ၂ဝဝ၃ခုနှစ်က စတင်ပြီး၊ နှစ်စဉ်ပြိုင်ပွဲများကို ကျင်းပပေးနိုင်ခဲ့ရာ ယခုဆိုရင် (၁၆)ကြိမ်မြောက် ရှိခဲ့ရာ ယခင်ကရန်ကုန်မြို့တွင်သာကျင်းပပေးနိုင်ခဲ့ပြီး၊ ရန်ကုန်နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ အသင်းများ၊ ကလပ်အသင်းများသာ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ရာကနေ ၂ဝ၁၆ခုနှစ်မှာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့မှုကြောင့်  မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့်ပြည်နယ်များမှာရှိတဲ့ တင်းနစ်ကလပ်အသင်းများမှ အားကစားသမားများ(ဇုံ)လိုက်ပြိုင်ပွဲများကျင်းပပေးခဲ့ရာ ယခုဆိုရင် (ဇုံ)လိုက်တင်းနစ်ပြိုင်ပွဲ (၄)ကြိမ်မြောက် ရောက်ရှိ လာခဲ့ပြီး ယခုရန်ကုန်မြို့တွင်ကျင်းပသည့် နောက်ဆုံးအဆင့်(ဇုံ)လိုက်တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပပေးခဲ့ရာ ၄င်းပြိုင်ပွဲမှာ မျိုးဆက်သစ် ထူးချွန်အားကစားသမားများကို ရွေးချယ်လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
 
ဖွင့်ပွဲအစီအစဉ်အရ ပြိုင်ပွဲကျင်းပပေးရခြင်းနှင့်စပ်လျဉ်း၍ Myanmar CP Stock Co.,Ltd မှ အကြံပေးပုဂ္ဂိုလ်ဒေါက်တာဦးစိုးလွင်ကရှင်းလင်းတင်ပြပြီး ၂ဝ၁၉ခုနှစ်၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ် Myanmar C.P ဖလားပြိုင်ပွဲကို အဖွဲ့ချုပ်ဥက္ကဌ ဦးသန်းလွင်ကပြိုင်ပွဲအား ဖွင့်လှစ်ကြောင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ Myanmar C.P Stock Co.,Ltd  မှ အကြံပေးပုဂ္ဂိုလ်နှင့်တာဝန်ရှိသူများကပြိုင်ပွဲ အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
 
 
ပြိုင်ပွဲတွင် အမျိုးသားအလွတ်တန်း တစ်ဦးချင်းနှင့် နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးအလွတ်တန်းတစ်ဦးချင်းနှင့်နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး Mix  နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက်(၁ဝ၊၁၂၊၁၄၊၁၆)နှစ်အောက်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားအလွတ်တန်း အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား(ဇုံ) အသင်းလိုက်ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် အားကစားသမား စုစုပေါင်း (၁၃ဝ)ဦး ယှဉ်ပြိုင်ကြကြောင်း သိရှိရပြီး၊ ပထမနေ့ပြိုင်ပွဲများစတင်ကျင်းပခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက (ဇုံ)လိုက် အသင်းလိုက်ပြိုင်ပွဲများနှင့် သက်တန်းလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
 
 
ဆက်လက်ပြီး မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများနှင့်(၃ဝ)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် ရေကူးအားကစားနည်းဖြင့်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် ရေကူး လူရွေးချယ်ပြိုင်ပွဲကို ယနေ့ညနေ(၃)နာရီတွင် ရန်ကုန်မြို့၊ ဦးဝိစာရ၊အမျိုးသားရေကူးကန်၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကြည့်ရှုအားပေးခဲ့သည်။
 
ရေကူးလူရွေးချယ်ပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းမြင့်ဦး၊ ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကူးအဖွဲ့ချုပ် ဥက္ကြ ဦးတောက်ထွန်းနှင့်ဒုတိယဥက္ကဌများ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်လေးနှင့် အမှုဆောင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
 
ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး မီတာ( ၂ဝဝ၊ ၄ဝဝ) အလွတ်ကူး၊ လိပ်ပြာကူး၊ ပက်လက်ကူး၊ ရင်ဘောင်တန်းကူးနှင့် တစ်ဦးချင်းပြိုင်ပွဲများ၊ မီတာ (၅ဝ)ပက်လက်ကူးပြိုင်ပွဲနှင့် ရင်ဘောင်တန်းကူးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
 
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် တာဝန်ရှိသူများနှင့်အတူ အမျိုးသားရေကူးကန် အကြီးစားပြင်ဆင်နေမှုများနှင့် အမျိုးသား/အမျိုးသမီး သန့်စင်ခန်း၊ ရေချိုးခန်း၊ အဝတ်လဲခန်းပြင်ဆင်ထားရှိမှုများ၊ မီတာ(၅ဝ)အပြည့်နေပူခံ အမိုး မိုးထားမှုများ၊ ရေကူးကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပမှုနှင့် အဖွဲ့ချုပ်ရုံးခန်း၊ အုပ်ချုပ်မှုရုံးခန်းလုပ်ငန်း ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/myanmar-cp-%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%96%E1%80%BD%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%81%8A-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%9B%E1%80%B1%E1%80%80%E1%80%B0%E1%80%B8-%E1%80%9C%E1%80%B0%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%81%E1%80%BB%E1%80%9A%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8