spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များအား လမ်းညွှန်အမှာစကားပြောကြား

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များအား လမ်းညွှန်အမှာစကားပြောကြား

 
နေပြည်တော်၊ ဒီဇင်ဘာ(၈)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်သည် ယနေ့နံနက်(၁ဝ)နာရီအချိန်တွင် ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ထိုင်းဘုရင့်ဖလားဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့ဝင်များအား တွေ့ဆုံလမ်းညွှန်အမှာ စကားပြောကြားပါသည်။
 
ရှေးဦးစွာ ပြည်ပသို့ သွားရောက်မည့် မြန်မာအားကစားအဖွဲ့ဝင်များမှ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်အား တစ်ဦးချင်းစီ မိတ်ဆက်ဂါရဝပြုကြပါ သည်။  
 
ထို့နောက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်၊ အသင်းအုပ်ချုပ်သူဦးထွဋ်ခိုင်နွယ်မှ ရှင်းလင်းတင်ပြရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲသည် ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလ (၁၁)ရက်နေ့မှ (၁၇)ရက်နေ့ အထိပြုလုပ်ကျင်းပမည့် ထိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲဖြစ်ပါကြောင်း၊ နလနညအ (၄)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊  အတွေ့အကြုံကောင်း များရရှိရန်နှင့် ပြိုင်ဘက်နိုင်ငံများ၏ အားသာချက်/အားနည်းချက်များကို သုံးသပ်လေ့လာပြီး အောင်မြင်မှုများရရန်အတွက် ကြိုးစားယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်းတင်ပြပါသည်။
 
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်မှ လမ်းညွှန်အမှာစကား ပြောကြားရာတွင် ယခုသွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် ပြိုင်ပွဲများတွင် စိတ်ဓါတ်တက်ကြွစွာ နိုင်လိုစိတ်အပြည့်ဖြင့် မိမိတို့၏ အားကစားနည်းပုံရိပ်ကို မြှင့်တင်နိုင်ရန် ယှဉ်ပြိုင်စေလိုကြောင်း၊ နည်းပြများအနေဖြင့် မိမိတို့ ယှဉ်ပြိုင်မည့် ပြိုင်ဘက်နိုင်ငံအသင်း၏ အခြေအနေကို လေ့လာ၍ ကြိုတင်သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း၊ ပြိုင်ပွဲများတွင် မျိုးဆက်သစ်လူငယ်များကိုလည်း ထည့်သွင်းအသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်သင်ကြားထားရှိရန်လိုကြောင်းနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်ယှဉ်ပြိုင်ပြီးချိန်တွင် မိမိတို့ အားကစားအဖွဲ့၏ အားနည်းချက်၊ အားသာချက်၊ အတွေ့အကြုံများကို အမြန်ဆုံး ပြန်လည်သုံးသပ် ပြင်ဆင်ပြီး အစဉ်အမြဲ တိုးတက်၍ အောင်မြင်မှုများ ရရှိအောင် ကြိုးစားသွားကြရန် မှာကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%8A%E1%80%BD%E1%80%BE%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%80%BE%E1%80%B0%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE-%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7%E1%80%9E%E1%80%BD%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%99%E1%80%8A%E1%80%BA%E1%80%B7