spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > 2019.Dance Fit Expo (Myanmar Fitness Dance) ZUMBA ပြိုင်ပွဲဆုပေးပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ဆုများချီးမြှင့်ခြင်းနှင့် ဘတ်စကက်ဘောပြိုင်ပွဲအားကြည့်ရှုအားပေး

2019.Dance Fit Expo (Myanmar Fitness Dance) ZUMBA ပြိုင်ပွဲဆုပေးပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ဆုများချီးမြှင့်ခြင်းနှင့် ဘတ်စကက်ဘောပြိုင်ပွဲအားကြည့်ရှုအားပေး

 
ရန်ကုန်၊ မေလ(  ၅  )ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌဖလား 2019 Dance Fit Expo (Myanmar Fitness Dance) ZUMBA ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရန်ကုန်မြို့ သဃင်္န်းကျွန်းမြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တက်ရောက်ဆုများချီးမြှင့်ပေးသည်။
 
ဆုပေးပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ အလုပ်သမားနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဒေါက်တာဦးဇော်အေးမောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နာယကအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်းလေးနှင့် ဒုတိယဥက္ကဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် ဆုရအားကစားသမားများတက်ရောက်ကြသည်။
 
အစီအစဉ်အရ  မြန်မာအမျိုးသမီးအားကစားအဖွဲ့ချုပ်နာယက ဒေါ်နန်းအေးခိုင်မှ ပြိုင်ပွဲဝင် Fitness Dance  ZUMBA အသင်းများအား ပြိုင်ပွဲအထိမ်းအမှတ် ဆုများချီးမြှင့်၍လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေးမှ တတိယဆုရ The Blazer အသင်းအား တစ်ဦးချင်း Trophy ဆုများနှင့်  ဂုဏ်ပြုဆုငွေ(၃)သိန်းကျပ်အား လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက် မှ ဒုတိယဆုရရှိသည် Wander Girls အသင်းအား တစ်ဦးချင်း Trophy  ဆုများနှင့် ဂုဏ်ပြုဆုငွေကျပ် (၅)သိန်းအားလည်းကောင်းဆုများအသီးသီးချီးမြှင့်ပေးသည်။
 
ဆက်လက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ပထမဆုရ Power House  အသင်းအား တစ်ဦးချင်း Trophy ဆုများနှင့် ဂုဏ်ပြု ဆုငွေကျပ်(၇)သိန်းအားချီးမြှင့်ပေးခဲ့သည်။
 
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် နာယကများ၊ အဖွဲ့ချုပ် ဥက္ကဌနှင့် ဒုတိယဥက္ကဌများ၊ အဖွဲ့ချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊  Fitness Dance ကလပ်အသင်းများ၊ Fitness ဝါသနာရှင်များ၊ ပြိုင်ပွဲဝင် Fitness အသင်းများစုပေါင်းကာ City & Healthy Fitness Centar ၊ Fit Way Fitness Center နှင့်  Real Fitness Center  တို့က သရုပ်ပြ Fitness ကစားခဲ့သည်
 
ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် နေ့လည်ပိုင်းတွင် ဗဟန်းမြို့နယ် အနောက်မြင်းပြိုင်ကွင်းရှိ ကျိုက္ကဆံဘတ်စကက်ဘောရုံတွင်ကျင်းပလျက်ရှိသော၂ဝ၁၉ခုနှစ်၊ နွေရာသီဖိတ်ခေါ်အလွတ်တန်းနှင့် အသက်(၁၉)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
 
ယင်းကျိုက္ကဆံဘတ်စကက်ဘောရုံတွင် အသက်(၁၉) နှစ်အောက် အမျိုးသား(၂၃)သင်း၊ အမျိုးသမီး(၁ဝ)သင်း လက်ခံကျင်းပပြီး အောင်ဆန်း အားကစားပြိုင်ဝင်း၊ မိုးလုံလေလုံအားကစား ရုံ၌အလွတ်တန်းပြိုင်ပွဲအမျိုးသား/အမျိုးသမီး(၃၄)သင်း၊ စုစုပေါင်း(၆၇)သင်း၊ အားကစားသမား ဦးရေ (၈ဝဝ)ခန့် ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရှိရသည်။
 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/2019dance-fit-expo-myanmar-fitness-dance-zumba-%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%A1%E1%80%81%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%94%E1%80%AC%E1%80%B8%E1%80%9E%E1%80%AD%E1%80%AF%E1%80%B7