spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲဆက်လက်ကျင်းပ

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲဆက်လက်ကျင်းပ

 
နေပြည်တော် ၊ မေလ(၆) ရက်။ 
 
၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ သတ္တမနေ့ပွဲစဉ်များအဖြစ် ယနေ့နံနက်(၉း၀၀)နာရီအချိန်မှစတင်၍ ၀ဏ္ဏသိဒ္ဓိအားကစား(B)ရုံတွင်ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်ကာယပညာဦိးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော််ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်နှင့် တာ၀န်ရှိသူ များ လာရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ အဆိုပါပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာ အသက်(၂၀)အောက် စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲ၀င်စုစုပေါင်း(၅၃)ဦးသည်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အလွတ်တန်း စစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲ၀င်စုစုပေါင်း(၅၃)ဦးသည်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြိုင်ပွဲ၀င် စုစုပေါင်း(၄၃)ဦးသည်လည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲ၀င်စုစုပေါင်း(၄၇)ဦးသည်လည်းကောင်း အသီးသီး၀င်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရှိရပါသည်။
 
 
 
အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်တုရင်ပြိုင်ပွဲကို ဧပြီလ(၃၀)ရက်နေ့မှ မေလ(၇)ရက်နေ့အထိ ၀ဏ္ဏသိဒ္ဓိအားကစား(B)ရုံ၌ နေ့စဉ်နံနက်(၉)နာရီအချိန်မှစတင်၍ ဆက်လက်ယှဉ်ပြိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသဖြင့် စိတ်ပါ၀င်စားသူမိဘပြည်သူများအနေဖြင့် အခမဲ့လာရောက်အားပေးနိုင်ပါကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%85%E1%80%85%E1%80%BA%E1%80%90%E1%80%AF%E1%80%9B%E1%80%84%E1%80%BA%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95