spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန Mobile Information Literacy Training သတင်းအချက်အလက်နည်းပညာနှင့် သုတပညာကျွမ်းကျင်မှုသင်တန်း (၁/၂ဝ၁၉)ဖွင့်ပွဲအခမ်းအနားကျင်းပ

၂ဝ၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန Mobile Information Literacy Training သတင်းအချက်အလက်နည်းပညာနှင့် သုတပညာကျွမ်းကျင်မှုသင်တန်း (၁/၂ဝ၁၉)ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၊ မေလ(၁၃) ရက်။

၂ဝ၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၂ဝ၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန Mobile Information Literacy Training သတင်းအချက်အလက်နည်းပညာနှင့် သုတပညာကျွမ်းကျင်မှုသင်တန်း (၁/၂ဝ၁၉)ဖွင့်ပွဲ  အခမ်းအနားကို ယနေ့နံနက် (၉:ဝဝ) အချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း (သတင်းပြန်ကြားရေးခန်း)၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သင်တန်းပို့ချပေးသော သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာကြီးသည် Gobalization  ဖြစ်လာတာနဲ့အညီ ကျောက်သင်ပုန်းအား အစပြု အသုံးပြုအချိန်မှစ၍ စာအုပ်၊ ခဲတံအဆုံး မလိုအပ်တော့ပဲ ယခုတွင် Online ပေါ်ကနေအလွယ်တကူ လေ့လာသင်ယူလို့ရနေကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း E-Government System ကို နည်းပေါင်းစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ Online ပေါ်မှလေ့လာနိုင်သော လိုတရ နည်းပညာများကို လေ့လာလို့ ရနိုင်ကြောင်း၊ IT နည်းပညာများကနေ အားကစားအတွက် ၊ မိမိတို့ ဦးစီးဌာနလုပ်ငန်းခွင်အတွက်၊ တန်ဖိုးရှိသော နည်းပညာများကို ယခုသင်တန်းကနေ ထိထိရောက် လေ့လာ မှတ်သားစေလိုကြောင်း၊  သင်ယူပြီးနည်းပညာများကို ဦးစီးဌာနအတွက် တန်ဖိုးရှိရှိ ပြန်လည်အသုံးချကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နည်းပြဆရာတစ်ဦးမှ ပြောကြားရာတွင် လူတိုင်းလက်ထဲတွင် ဖုန်းများ နေရာဝင်ရောက်လာသည်နှင့် Facebook သည် ကျွန်တော်တို့ လက်ထဲသို့ ရောက်ရှိလာ ပြီးချိန်တွင် ပြဿနာအများကြီး ကြုံနေရပါကြောင်း၊ နေ့စဉ် အသုံးပြုနေသော Application များက လက်ချိုး ရေတွက်လို့နိုင်ပါကြောင်း၊ ယခုသင်တန်းကာလ(၃)ရက်ကို တက်ရောက်လာသော သင်တန်းသူ/ သင်တန်းသားများသည် အချိန်အများကြီးပေး၍ လာတက်ရသောကြောင့် သင်ခန်းစာနှင့် ပတ်သက်၍ မသိတာ၊ မရှင်းတာများရှိပါက အားမနာတမ်း မေးမြန်းနိုင်ပါကြောင်း၊ မိမိကိုယ်တိုင် လက်တွေ့လုပ်မှ အမှန်တကယ် တတ်မြောက်မည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှ နည်းပညာများကို အကျိုးရှိရှိ တတ်မြောက်အောင် သင်ကြားသွားကြပြီး လုပ်ငန်းခွင်တွင် ပြန်လည်ရောက်ရှိသည့်အခါ အကျိုးရှိရှိပြန်လည်အသုံးချ ကြစေလိုကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ Mobile Information Literacy Training သတင်းအချက်အလက်နည်းပညာနှင့် သုတပညာ ကျွမ်းကျင်မှုသင်တန်း (၁/၂ဝ၁၉)တွင် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၃ဝ)ဦးတို့ တက်ရောက်သင်ကြားပြီး (၁၃.၅.၂ဝ၁၉)ရက်နေ့မှ (၁၅.၅.၂ဝ၁၉)ရက်နေ့အထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94%E1%81%8A-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-mobile-information