စစ်ကိုင်း၊ ဒီဇင်ဘာလ(၉)ရက်။
''တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်မြန်မာ့အားကစား လောကအဆင့်အတန်းမြင့်မားစေရန်ရည်ရွယ်၍ ဒီဇင်ဘာလူထု အားကစားလှုပ်ရှားမှုများ'' အဖြစ် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့တိုင်း လူထု စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝှမ်းရှိ အမြို့မြို့အနယ်နယ်များတွင် ကျင်းပပြုလုပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် စုပေါင်းလူထု လမ်းလျှောက်ပွဲကို ယနေ့နံနက် (၅း၃ဝ)အချိန်တွင် အားကစားကွင်းအရှေ့ မုဒ်ဦးမှ စတင်တာလွှတ်ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးနှင့် ကျောင်းသား/ကျောင်းသူများ၊ သူနာပြု သားဖွား သင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ပညာရေးကောလိပ်ကျောင်းအုပ်ကြီးနှင့် ကျောင်းသား/ကျောင်းသူများ၊ တိုင်းရဲတပ်ရင်းမှ သင်တန်းသားများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ လုပ်သားပြည်သူများ၊ စုစုပေါင်းအင်အား (၂၅၅၂၅) ခန့် တပျော်တပါး စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြပါသည်။

ထို့နောက် လူထုစုပေါင်းလမ်လျှောက်ပွဲကို အားကစားကွင်းအရှေ့မုဒ်ဦးမှ တမာတန်းမီးပွိုင့်-ရုံးကြီးလမ်းညစျေးတန်း-ဗိုလ်ချုပ်ကြေးရုပ်မှ တိုင်းအားကစားကွင်းတွင် ပန်းဝင်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးအတွဲ(၁)နှင့် (၂)တို့ကို စုပေါင်းပြုလုပ်ကြပါသည်။ ဆက်လက်၍ ကောက်ညင်းပေါင်းနှင့် အကြော်များဝေခြင်း၊ ငွေဖြည့်ကဒ်များ ကံစမ်းမဲဖောက်ပေးခြင်း၊ လ္ဘက်ရည်၊ကော်ဖီနှင့်မုန့်များ တည်ခင်းဧည့်ခံခဲ့ကြောင်းသတင်းရရှိပါသည်။