spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲများစတင်ကျင်းပ

တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲများစတင်ကျင်းပ

ရန်ကုန်၊ မေလ(  ၁၅   )ရက်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူးပြီး မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်တို့နှင့်ပူးပေါင်း ကျင်းပသည့် ၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို ယနေ့နံနက်(၁ဝ)နာရီက ရန်ကုန်မြို့၊ လသာလမ်း၊ သံစျေးရှိ URBAN CUE    ဘိလိယက်နှင့် စနူကာခန်းမ၌ ပြိုင်ပွဲများစတင်ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့် အမှုဆောင်များ၊ ဘိလိယက်အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးကြသည်။

ယနေ့ကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲတွင် Event  (၃)မျိုး ကျင်းပခဲ့ပြီး ဘိလိယက်ပြိုင်ပွဲ၌ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် (၂)ယောက်တွဲ ပြိုင်ပွဲ၊ စနူကာပြိုင်ပွဲ၌ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် (၂)ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး(၁)ဦးချင်း (9)Ball    ပြိုင်ပွဲများကျင်းပမှာဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းပေါင်း (၁၃)သင်း၊ ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း (၁၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%98%E1%80%AD%E1%80%9C%E1%80%AD%E1%80%9A%E1%80%80%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%85%E1%80%94%E1%80%B0%E1%80%80%E1%80%AC%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%85%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95