spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာ့လက်ရွေးစင် Indoor Hockey အသင်း ပူးတွဲလေ့ကျင့်မှု ပြုလုပ်ရန် မလေးရှားနိုင်ငံ၊ Ipoh သို့ ထွက်ခွါ။

မြန်မာ့လက်ရွေးစင် Indoor Hockey အသင်း ပူးတွဲလေ့ကျင့်မှု ပြုလုပ်ရန် မလေးရှားနိုင်ငံ၊ Ipoh သို့ ထွက်ခွါ။

ရန်ကုန် မေလ ၁၇ ရက်။

အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် Indoor Hockey အသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုတစ်ရပ်အနေဖြင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်နိုင်ရန် မေလ ၁၇ ရက်နေ့ ည ၁၁ နာရီ ၅၅ ချိန်ခန့်တွင် လေယာဉ်ခရီးစဉ်အမှတ် (OD553)ဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွါသွားပါသည်။
မြန်မာ့လက်ရွေးအသင်းကို အုပ်ချုပ်သူအဖြစ် ဦးသိန်းထွေး က ဦးဆောင်၍ နည်းပြများအဖြစ် ဦးထွန်းထွန်းဦး နှင့် ဦးကျော်စိုးလှိုင်၊ အားကစားသမား ၁၆ တို့ လိုက်ပါသွားကြပါသည်။
ပူးတွဲလေ့ကျင့်ရေးအတွက် လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြပါသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့အား မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ် ဥက္ကဌ ဦးစောလုလုထော်၊ ဒုတိယဥက္ကဌ ဦးကျော်ကျော်လှိုင်၊ ဦးကျော်နိုင်ဦး၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ် နှင့် အလုပ်အမှုဆောင်အဖွဲ့တို့က အထူးပင် ကျေးဇူးတင်ရှိပါကြောင်း နှင့် မြန်မာဟော်ကီအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေး အစွမ်းကုန် ဆက်လက် ကြိုးပမ်းသွားကြမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9C%E1%80%80%E1%80%BA%E1%80%9B%E1%80%BD%E1%80%B1%E1%80%B8%E1%80%85%E1%80%84%E1%80%BA-indoor-hockey-%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%95%E1%80%B0%E1%80%B8%E1%80%90%E1%80%BD%E1%80%B2%E1%80%9C%E1%80%B1%E1%80%B7%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B7%E1%80%99%E1%80%BE%E1%80%AF-%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%9B%E1%80%94%E1%80%BA-%E1%80%99%E1%80%9C%E1%80%B1%E1%80%B8%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%81%8A-ipoh