spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > 16th South East Asian Bodybuilding & Physique Sports Championship 2019 နောက်ဆုံးနေ့ပြိုင်ပွဲနှင့်ဆုပေးပွဲများကျင်းပ

16th South East Asian Bodybuilding & Physique Sports Championship 2019 နောက်ဆုံးနေ့ပြိုင်ပွဲနှင့်ဆုပေးပွဲများကျင်းပ

 

ရန်ကုန်၊ မေလ(  ၁၉   )ရက်။

16th South East Asian Bodybuilding &   Physique Sports Championship 2019   အားကစားပြိုင်ပွဲ၊ ဗိုလ်လုပွဲပြိုင်ပွဲများနှင့် ဆုပေးပွဲများကို ယနေ့ နံနက်(၉)နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၀င်များနှင့် ဌာနမှူးများ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဦးညီညီနှင့် အဖွဲ့ချုပ် အမှုဆောင်များ၊ World Bodybuilding and  Physique Sports Federation (WBPF)ဥက္ကဋ္ဌ Mr.DATUK  PAUL  CHUA ၊ အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ  Mr. PHUMVARIN CHUNHAWONGVARIT ၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များနှင့်အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

 

ဆက်လက်ပြီး အမျိုးသားကာယဗလ (၇၅)ကီလိုတန်းပြိုင်ပွဲ ဗိုလ်လုပွဲကိုကျင်းပပြီး ပဉ္စမ ဘရိန်မိုင်(မြန်မာ)၊ စတုတ္ထ (ဗီယက်နမ်)၊ တတိယ(မလေးရှား)၊ ဒုတိယ သောင်းတန် (မြန်မာ)နှင့် ပထမ (ထိုင်း)တို့ အသီးသီးရရှိပြီး အဆိုပါဆုများကို မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဦးညီညီနှင့် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌတို့မှ ဆုများချီးမြှင့်၍လည်းကောင်း၊ အမျိုးသားကာယဗလ (၈၀)ကီလိုတန်းပြိုင်ပွဲ ဗိုလ်လုပြိုင်ပွဲအားဆက်လက်ကျင်းပခဲ့ပြီး ပဉ္စမ အောင်စိုးမင်း(မြန်မာ)၊ စတုတ္ထ (ဗီယက်နမ်)၊ တတိယ(အင်ဒိုနီးရှား)၊ ဒုတိယ (ထိုင်း)နှင့် ပထမ ခင်မောင်ကျော် (မြန်မာ)မှရရှိပြီး အဆိုပါဆုများကို  World Bodybuilding and Physique Sports Federation (WBPF)Ouú|Mr.DATUK  PAUL  CHUA နှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးကျော်သန်းတို့မှ ဆုများ ချီးမြှင့်၍ လည်းကောင်း၊ အမျိုးသားအကြီးတန်းကာယဗလ (၈၀)ကီလိုတန်းပြိုင်ပွဲ ၌ ပဉ္စမ ကိုကိုမောင်(မြန်မာ)၊ စတုတ္ထ (ဗီယက်နမ်)၊ တတိယဇော်သိန်းနိုင်(မြန်မာ)၊ ဒုတိယ  (ဗီယက်နမ်)နှင့် ပထမ (အင်ဒိုနီးရှား)မှလည်းကောင်း၊ အမျိုးသား(၁၆၀)စင်တီမီတာ (Men's Athletic  Physique)ပြိုင်ပွဲ၌  စတုတ္ထ (ထိုင်း)၊ တတိယ(ဗီယက်နမ်)၊ ဒုတိယ အောင်မြင့်သိန်း (မြန်မာ)နှင့် ပထမ (ထိုင်း)တို့မှလည်းကောင်း၊ အမျိုးသား(၁၆၇)စင်တီမီတာ (Men's Athletic  Physique) ပြိုင်ပွဲဗိုလ်လုပြိုင်ပွဲယှဉ်ပြိုင်ပြီး ပဉ္စမ တင်အောင်ချို(မြန်မာ)၊ စတုတ္ထ (ဗီယက်နမ်)၊ တတိယ(ထိုင်း)၊ ဒုတိယ(စင်ကာပူ)နှင့် ပထမ (ဗီယက်နမ်)တို့မှ လည်းကောင်း၊ အမျိုးသားအကြီးတန်း (၁၆၇)စင်တီမီတာ (Men's Athletic  Physique)ပြိုင်ပွဲ၌ ပဉ္စမ ကိုကိုကျော်ဖြိုး (မြန်မာ)၊စတုတ္ထ (ထိုင်း)၊ တတိယ(ဗီယက်နမ်)၊ ဒုတိယ  (ဗီယက်နမ်)နှင့် ပထမ မျိုးဆက်အောင် (မြန်မာ)တို့မှလည်းကောင်း၊  အမျိုးသမီးလူသစ်တန်း Athletic Physiqeu (၁၆၀)စင်တီ မီတာပြိုင်ပွဲ၌ ပဉ္စမ ယဉ်ယဉ်(မြန်မာ)၊စတုတ္ထ (ထိုင်း)၊ တတိယ(ဗီယက်နမ်)၊ ဒုတိယ  ကြည်ပြာဖုန်း (မြန်မာ)နှင့် ပထမ နှင်းနှင်းအေး (မြန်မာ)တို့မှလည်းကောင်း၊ အမျိုးသမီးအကြီးတန်း Athletic Physiqeu (၁၆၀)စင်တီမီတာပြိုင်ပွဲ၌ စတုတ္ထ (စင်ကာပူ)၊ တတိယ(ထိုင်း)၊ ဒုတိယ  မိုးမိုး(မြန်မာ)နှင့် ပထမ ၀တ်ရည်ဖြိုး (မြန်မာ)တို့မှ လည်းကောင်း၊ အမျိုးသမီး Model Physique (၁၆၀)စင်တီမီတာ ပြိုင်ပွဲ၌ ပဉ္စမ (လာအို)၊ စတုတ္ထ မိမိကျော်နိုင်(မြန်မာ)၊ တတိယ(ထိုင်း)၊ ဒုတိယ  သန္တာဦး(မြန်မာ)နှင့် ပထမ  (ထိုင်း)တို့မှ လည်းကောင်း၊ အမျိုးသမီး Model Physique (၁၆၅)စင်တီမီတာပြိုင်ပွဲ၌ စတုတ္ထ (ထိုင်း)၊ တတိယ အင်ကြင်းသန့်ဇင်(မြန်မာ)၊ဒုတိယ (မလေးရှား)နှင့် ပထမ (ဗီယက်နမ်)တို့မှ လည်းကောင်း၊ အမျိုးသမီးအကြီးတန်း Athletic Physiqeu (၁၆၅)စင်တီမီတာပြိုင်ပွဲ၌ ပဉ္စမ  နေခြည်သိမ့်ဝေ(မြန်မာ)၊ စတုတ္ထ (ထိုင်း)၊ တတိယ အေးသန္တာခိုင်(မြန်မာ)၊ဒုတိယ (ထိုင်း)နှင့် ပထမ (စင်ကာပူ)တို့မှ လည်းကောင်း၊ အမျိုးသား/အမျိုးသမီး Mixed  Pairs Open ပြိုင်ပွဲ၌ ပဉ္စမ ဂျဝါနော် နှင့်၀တ်ရည်နှင်း အတွဲ (မြန်မာ)၊ စတုတ္ထနှင့် တတိယကို (ထိုင်း)အတွဲများကလည်းကောင်း၊ ဒုတိယ ထွန်းထွန်းအောင် နှင့် နှင်းနှင်းအေးအတွဲ(မြန်မာ)နှင့် ပထမ (ဗီယက်နမ်)အတွဲတို့မှ လည်းကောင်း ဆုများအသီးသီး ရရှိကြပြီး 16th South East Asian Bodybuilding &   Physique Sports Championship 2019 ခုနှစ်အတွက် အမျိုးသားအသင်း လိုက် တံခွန်စိုက် ဆု ကို တတိယ(ဗီယက်နမ်)နိုင်ငံ၊ ဒုတိယ(ထိုင်း)နိုင်ငံနှင့် အမျိုးသားအသင်းလိုက် ပထမတံခွန်စိုက် ဆုကို (မြန်မာ)အသင်း မှလည်းကောင်း၊ အမျိုးသမီးအသင်းလိုက်တံခွန်စိုက်ဆုကို တတိယ (ဗီယက်နမ်)အသင်း၊ ဒုတိယ(ထိုင်း)အသင်းနှင့် အမျိုးသမီးတံခွန်စိုက်ဆုကို ပထမ (မြန်မာ)အသင်းတို့မှလည်းကောင်း၊ ၂၀၁၉ခုနှစ်အတွက် 16th South East Asian Bodybuilding &   Physique Sports ရဲ့ အမျိုးသားအကောင်းဆုံးဆုအတွက် အမျိုးသား(၇၀)ကီလိုတန်းမှ  Mr. ZORIZAL ကမ္ဘောဒီးယားနိုင်ငံ မှရရှိကြပြီး ပြိုင်ပွဲ၀င် နိုင်ငံအသီးသီးမှ ဆုရရှိသူများအား ကမ္ဘာ့ကာယဗလ နှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာ၀န်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူးနှင့်ဌာနမှူးများ၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ ဌဦးညီညီ၊ ဒုတိယဥက္ကဋ္ဌဦးကျော်သန်းနှင့် အမှုဆောင်များ၊နိုင်ငံတကာ ဒိုင်လူကြီးများက တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/16th-south-east-asian-bodybuilding-physique-sports-championship-2019