ရန်ကုန်၊ မေလ(၂ဝ)ရက်။
၂ဝ၁၉ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နေ့လည် (၂)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊သံစျေးရှိ ဘိလိယက်နှင့်စနူကာစင်တာ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၁) ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်၊ ဒုတိယဥက္ကဌ ဦးကျော်နိုင်ဦး၊ အတွင်းရေးမှူး၊ အမှုဆောင်များနှင့် B&S Club ပိုင်ရှင် Mr.Nicholas Chen၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မှ အုပ်ချုပ်သူ /နည်းပြနှင့် ဆုရအားကစားသမားများ တက်ရောက်ကြသည်။
ပြိုင်ပွဲအပြီးတွင် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁) ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံ ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်ဥက္ကဌ ဒေါက်တာမင်းနိုင်၊ ဒုတိယဥက္ကဌဦးကျော်နိုင်ဦး၊ အတွင်းရေးမှူး၊အမှုဆောင်များနှင့် B&S Club ပိုင်ရှင် Mr.Nicholas Chen တို့က ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရ ချမ်းငြိမ်းသူ (မကွေးတိုင်းဒေသကြီး)၊ ဒုတိယဆုရ အောင်ဆွေမင်း(မကွေးတိုင်းဒေသကြီး)နှင့် တတိယဆုရ သီဟဇော်(မန္တလေးတိုင်းဒေသကြီး)တို့အားလည်းကောင်း၊ ဘိလိယက် နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ ကြည်ဖေလင်းနှင့် ပွင့်လင်းအောင် (ဧရာဝတီတိုင်းဒေသကြီး)၊ ဒုတိယဆုရ ပြည့်စုံဖြိုးနှင့် စိုင်းအောင်မော်ထွန်း( ရှမ်းပြည်နယ်)နှင့် တတိယဆုရ ခန့်မင်းထွန်းနှင့် သန်းလွင်စိုး (စစ်ကိုင်းတိုင်းဒေသကြီး)တို့အားလည်းကောင်း၊ စနူကာတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရ နေလင်းထွန်း(ဧရာဝတီတိုင်း)၊ ဒုတိယဆုရ ကောင်းမြတ်သူ (ဧရာဝတီတိုင်းဒေသကြီး)နှင့် တတိယဆုရ သော်ဇင်ထက် (ရန်ကုန်တိုင်းဒေသကြီး)တို့အားလည်းကောင်း၊ စနူကာနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ ဟိန်းထက်နှင့် ဇင်မင်းထက် (ကချင်ပြည်နယ်)၊ ဒုတိယဆုရ ကျော်ဝေယံဖြိုးနှင့် ဖြိုးသင်္ကြန်(မကွေးတိုင်းဒေသကြီး)နှင့် တတိယဆုရ ကမ္ဘာလင်းနှင့် စိုင်းခမ်းလူ (ရှမ်းပြည်နယ်) တို့အားလည်းကောင်း၊ 9Ball အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရ အိဖြူဖြူကျော်(ဧရာဝတီတိုင်းဒေသကြီး)၊ ဒုတိယဆုရ ထက်သီတာအောင်(ရခိုင်ပြည်နယ်)နှင့် တတိယဆုရ ဇာဖြူဝင်း (မန္တလေးတိုင်းဒေသကြီး)တို့အားလည်းကောင်း၊ စနူကာတစ်ဦးချင်း ပြိုင်ပွဲတွင် အမှတ်အများဆုံးဆုရ ဝံသာဖြိုး (ရန်ကုန်တိုင်းဒေသကြီး)နှင့် ဘိလိယက် တစ်ဦးချင်း ပြိုင်ပွဲတွင် အမှတ်အများဆုံးဆုရ ချမ်းငြိမ်းသူ (မကွေးတိုင်းဒေသကြီး)တို့အား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြိုင်ပွဲတွင် ရွှေ(၃)ခု၊ ငွေ(၁)ခုဖြင့် ရရှိသွားသော ဧရာဝတီ တိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆုဖလားကြီးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။