spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ဆပ်ကော်မတီ ဥက္ကဌဖလား မြို့နယ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

၂ဝ၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ဆပ်ကော်မတီ ဥက္ကဌဖလား မြို့နယ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

ရန်ကုန်၊ မေလ(  ၂၁  )ရက်။

၂ဝ၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးစားပွဲတင်တင်းနစ် ဆပ်ကော်မတီဥက္ကဌဖလား မြို့နယ်ပေါင်းစုံစားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲများကို ယနေ့ညနေ(၂)နာရီ ရန်ကုန်မြို့ မဂင်္လာတောင်ညွန့်မြို့နယ် ၊ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား/အမျိုးသမီးတစ်ဦးချင်းနှင့် အသင်းလိုက် ဗိုလ်လုပြိုင်ပွဲများ ကျင်းပခဲ့သည်။
ဗိုလ်လုပွဲများအပြီး ဆုပေးပွဲများကို ကျင်းပရာ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးမှ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် 100Plus နှင့် Hope For Ladies  Foundation Myanmar  တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများအား ချီးမြှင့်၍လည်းကောင်း ၊ မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး တစ်ဦးချင်း အသက်(၁၂)နှစ်အောက်ပြိုင်ပွဲ၊ မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး တစ်ဦးချင်း အသက်(၁၅)နှစ်အောက်ပြိုင်ပွဲ ၊ မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး တစ်ဦးချင်း အသက်(၁၈)နှစ်အောက်ပြိုင်ပွဲ ၊ မြို့နယ်ပေါင်းစုံ အမျိုးသားတစ်ဦးချင်း အသက်(၅၅)နှစ် အောက်ပြိုင်ပွဲ များတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိသူများအား တစ်ဦးချင်း ဆုတံဆိပ်များ ဂုဏ်ပြုဆုချီးမြှင့်ငွေများကို ရန်ကုန်တိုင်းဒေသကြီးစားပွဲတင်တင်းနစ် ဆပ်ကော်မတီ ဒုတိယဥက္ကဌများနှင့် အလုပ်အမှုဆောင်များမှလည်းကောင်း၊ မြို့နယ်ပေါင်းစုံ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲ၌ ပထမ သင်းသင်းခိုင်(အဖွဲ့ချုပ်)၊ ဒုတိယ နန်းဆက်ဝါ (ဗိုလ်တထောင်)၊ ပူးတွဲတတိယ မာမာစိုး (သာကေတ)နှင့် မေခြူးခိုင် (မြောက်ဒဂုံ)တို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကိုHope For Ladies  Foundation Myanmar မှ ဥက္ကဌ ဒေါ်ဇင်လဲ့လဲ့ခိုင်မှလည်းကောင်း၊ မြို့နယ်ပေါင်းစုံ အမျိုးသားအလွတ်တန်းတစ်ဦးချင်းပြိုင်ပွဲ၌ ပထမ ကိုကြည်မြင့်၊ ဒုတိယ စိုးမင်းဦး၊ ပူးတွဲတတိယ ဘုန်းဝေစည် (၂၈)လမ်းကလပ်နှင့် မျိုးမင်းထွန်း (ကာကွယ်ရေး)တို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်ကျော်မှလည်းကောင်း၊ မြို့နယ်ပေါင်းစုံ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲ၌ ပထမ (ဗိုလ်တထောင်မြို့နယ် အသင်း)၊ ဒုတိယ (မြောက်ဒဂုံမြို့နယ်အသင်း) ၊ ပူးတွဲတတိယ (လှိုင်မြို့နယ်အသင်းနှင့်တွံတေးမြို့နယ်အသင်း)တို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် တံခွန်စိုက်ဆုဖလားကြီးအား ရန်ကုန်တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ဆပ်ကော်မတီဥက္ကဌမှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ မြို့နယ်ပေါင်းစုံ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၌ ပထမ (လသာမြို့နယ်)အသင်း၊ ဒုတိယ (ဗိုလ်တထောင်မြို့နယ်)အသင်း၊ ပူးတွဲတတိယ (မြောက်ဒဂုံမြို့နယ်)အသင်းနှင့် (တာမွေမြို့နယ်) အသင်း တို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် တံခွန်စိုက်ဆုဖလားကြီးအား ချီးမြှင့်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%90%E1%80%84%E1%80%BA%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%94%E1%80%85%E1%80%BA%E1%80%86%E1%80%95%E1%80%BA%E1%80%80%E1%80%B1%E1%80%AC%E1%80%BA%E1%80%99%E1%80%90%E1%80%AE-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6