spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် နှစ်(၃၀)ပြည့်အထိမ်းမှတ်၂၀၁၉ခုနှစ် ဥက္ကဌဖလားနွေရာသီသင်တန်းဆင်း တိုက်ကွမ်ဒိုပြိုင်ပွဲ သက်တမ်းအလိုက် အတိုက်နှင့်ကကွက်များ ပွဲစဉ်ရေးဆွဲ

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် နှစ်(၃၀)ပြည့်အထိမ်းမှတ်၂၀၁၉ခုနှစ် ဥက္ကဌဖလားနွေရာသီသင်တန်းဆင်း တိုက်ကွမ်ဒိုပြိုင်ပွဲ သက်တမ်းအလိုက် အတိုက်နှင့်ကကွက်များ ပွဲစဉ်ရေးဆွဲ

ရန်ကုန် မေလ ၂၃ရက်။

မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် နှစ်(၃၀)ပြည့်အထိမ်းမှတ်၂၀၁၉ခုနှစ် ဥက္ကဌဖလားနွေရာသီသင်တန်းဆင်း တိုက်ကွမ်ဒိုပြိုင်ပွဲအားမေလ(၂၄/၂၅/၂၆)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယနေ့နံနက်(၆:၃၀)နာရီမှစတင်၍ အတိုက်ကစားသမားများအား ဝိတ်ချိန်စစ်ဆေးခဲ့ပြီး အုပ်ချုပ်သူများ အစည်းဝေးအား နေ့လည်(၁၂:၃၀)တွင် စတင်ခဲ့ပါသည်။
ဆက်လက်၍ သက်တမ်းအလိုက် အတိုက်နှင့်ကကွက်များ ပွဲစဉ်ရေးဆွဲခဲ့ကြပါသည်။
အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကလပ်အသင်း(၂၁)သင်းနှင့် ပြည်နယ်တိုင်းမှ ကယားပြည်နယ်အသင်း၊ ဧရာဝတီအသင်း၊ နေပြည်တော်အသင်းများနှင့် တောင်ငူ အသင်းများ စုစုပေါင်းအသင်း(၂၅)သင်းမှကစားသမားပေါင်း(၁၀၀၀)ကျော် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ ပွဲစဉ်ရေးဆွဲခြင်းအား ယခုထိမပြီးသေးပါ (၁၂:၃၀)နာရီကျော်မှ ပြီးမည်ဟု ခန့်မှန်းပါသည်။

အဖွဲ့ချုပ်မျိုးဆက်သစ်ကစားသမားများစွာ ထွက်ပေါ်လာဖို့ စိတ်မှာရည်သန်လျှက် အသင်းနည်းပြများနှင့် အဖွဲ့ချုပ်မှ နည်းစနစ်ကော်မတီနှင့် ဒိုင်လူကြီးများ မြန်မာ့လက်ရွေးစင်အသင်းမှ နည်းပြနှင့် ကစားသမားများပူးပေါင်း၍ တက်ကြွစွာပါဝင်လှုပ်ရှားကူညီပေးလျှက်ရှိပါသည်။
ထို့အတွက်ကြောင့် ယခုလို ညဉ့်နက်ထိတိုင် ပူးပေါင်းပါဝင်ပေးကြသော အသင်းတာဝန်ခံနည်းပြများ၊ ဒိုင်လူကြီးများ၊ မြန်မာ့လက်ရွေးစင်အသင်းမှ အုပ်ချုပ်သူနည်းပြများ၊ လက်ရွေးစင်
ကစားသမားများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%80%E1%80%BD%E1%80%99%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%83%E1%81%80%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%99%E1%80%BE%E1%80%90%E1%80%BA%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA