spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အောင်ပွဲရ မြန်မာပြေးခုန်ပစ်အသင်း ပြန်လည်ရောက်ရှိ

အောင်ပွဲရ မြန်မာပြေးခုန်ပစ်အသင်း ပြန်လည်ရောက်ရှိ

ရန်ကုန်၊ မေလ( ၂၃ )ရက်။

ထိုင်းနိုင်ငံတွင် မေလ(၁၈)ရက်နေ့မှ (၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော ထိုင်းဖိတ်ခေါ်ပြေးခုန်ပစ်ပြိုင်ပွဲ (Thailand Open Track& Field 2019) ၌ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့မှ အေးအေးအောင်က မီတာ(၁၅၀၀)ပြိုင်ပွဲတွင် (4:55.34)ဖြင့် ရွှေတံဆိပ်(၁)ခု၊ ဆွေလီမြင့်က မီတာ(၈၀၀)ပြိုင်ပွဲတွင် (2:15:19)ဖြင့် ငွေတံဆိပ်(၁)ခု၊ အေးအေးအောင်/ ဆွေလီမြင့်/သီသီမွန်/အေးအေးသန်းတို့က မီတာ(၄၀၀x၄)ပြိုင်ပွဲတွင် (3:58.0)ဖြင့် ငွေတံဆိပ်(၁)ခု၊ အမျိုးသားမီတာ(၃၀၀၀)တားဆီးကျော်ပြိုင်ပွဲတွင် ရိုႉင်းအောင်က (9:57.34)ဖြင့် ငွေတံဆိပ်(၁)ခု၊ အမျိုးသားမီတာ (၁၅၀၀)ပြိုင်ပွဲတွင် ဇာနည်ထွန်းက (4:01.66)ဖြင့် ငွေတံဆိပ်(၁)ခု၊ သီသီမွန်က မီတာ (၄၀၀)ပြိုင်ပွဲတွင် (57.60)ဖြင့် ကြေးတံဆိပ်၊ အေးအေးသန်းက မီတာ (၁၅၀၀)ပြိုင်ပွဲတွင် (4:59.74)ဖြင့် ကြေးတံဆိပ်ဖြင့် စုစုပေါင်း ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ် (၂)ခုဆွတ်ခူးရရှိခဲ့သည်။

အောင်ပွဲရ အဖွဲ့ခေါင်းဆောင် ဦးသိန်းသန်းနိုင်(အား/ကာ) လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြန်မာပြေးခုန်ပစ်အဖွဲ့သည် ယမန်နေ့ည(၉)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးကျော်ကျော်ဦး၊ ဒုတိယဥက္ကဌ ဦးကျော်ခင်(နည်းစနစ်ချုပ်)၊ အတွင်းရေးမှူး ဦးကျော်ထူးအောင်နှင့် အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%9B-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%A1%E1%80%9E%E1%80%84%E1%80%BA%E1%80%B8-%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%9C%E1%80%8A%E1%80%BA%E1%80%9B%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%9B%E1%80%BE%E1%80%AD