spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၅၉)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ဆုဖလား စက်ဘီး(တာဝေး)စီးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

(၅၉)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ဆုဖလား စက်ဘီး(တာဝေး)စီးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

 
နေပြည်တော်၊ ဒီဇင်ဘာ(၁၁)ရက်။
 
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် Myan Shwe Pyi Tractors Limited, Myanmar C.P. Livestock Co.,Ltd, F&N Co.,Ltd (100 PLUS) နှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် (၅၉)ကြိမ်မြောက် အမျိုးသားတံခွန်စိုက် ဆုဖလားစက်ဘီး(တာဝေး) ပြိုင်ပွဲကို ယနေ့နံနက် (၇)နာရီအချိန်၌ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းပြင်ပပတ်လမ်းတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦး၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ အမျိုးသားအသင်းလိုက်(၆ဝ)ကီလိုမီတာ တာဝေးပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ပထမ GTM Team၊ ဒုတိယ TRINX Team၊ တတိယ TWITTER Team တို့မှအနိုင် ရရှိသွားပါသည်။
 
 
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်အမှုဆောင်ဒေါ်အေးသိန်းမှ အမျိုးသမီး(၁ဝ၄)ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု ကျော့ကေခိုင် (မန္တလေးသိပ္ပံ)၊ ဒုတိယဆု ခင်နှင်းဝေ (GTM Team)၊ တတိယဆု ထက်ထက်လှိုင်(ပဲခူးကလပ်)၊ စတုတ္တဆု နုနုလွင်(မန္တလေးသိပ္ပံ)၊ပဥ္စမဆု အေးသန္တာကျော်(မန္တလေးသိပ္ပံ)နှင့် အမျိုးသား(၁၅၄) ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု ဇင်လင်းကို (TRINX Team)၊ ဒုတိယဆု အောင်ဖြိုးပိုင် (TRINX Team)၊ တတိယဆု ကျော်ထွန်းဦး (GTM Team)၊ စတုတ္တဆု အောင်ဖြိုးမင်း (GTM Team)၊ ပဉ္စမဆု စိုင်းအောင်ခမ်း (GTM Team) တို့အား တစ်ဦးချင်းဆုတံဆပ်နှင့်အတူငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး ဦးအောင်နိုင်မိုးမှ အမျိုးသား(၂၅)နှစ်အောက်(၂၁)ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု ဉာဏ်လင်းထက် (TRINX Team)၊ ဒုတိယဆု ကောင်းဝေလျှံ (TRINX Team)၊ တတိယဆု အောင်ကိုကိုနှင့် အမျိုးသား(၂၅-၄ဝ)နှစ် (၂၁)ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု ကျော်မျိုးသက်(Bike World Team)၊ ဒုတိယဆု ဇော်ကြီး (TRINX Team )၊ တတိယဆု လင်းလင်းကျော်( Speed Team)နှင့် အမျိုးသား(၄ဝ)နှစ်အထက် (၂၁)ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု နေမျိုးအောင်(Bike World Team)၊ ဒုတိယဆု ခင်မောင်ချို (GTM Team)၊ တတိယဆု အောင်မိုးမြင့်(ပဲခူးကလပ်)တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းသန်းမှ အမျိုးသား(၂၅)နှစ်အောက် (၁ဝ၄)ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု ဥာဏ်လင်းထက်(TRINX Team)၊ ဒုတိယဆု ကောင်းဝေလျှံ(TRINX Team)၊ တတိယဆု အာကာဇော်(မန္တလေးသိပ္ပံ)၊ စတုတ္တဆု အောင်ဟိန်းထက်(Bike Team)၊ ပဥ္စမဆု အောင်ကိုကိုနှင့် အမျိုးသား(၂၅-၄ဝ)နှစ် (၁ဝ၄)ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု ကျော်မျှိုးသက်(Bike Team)၊ ဒုတိယဆု ဇော်ကြီး( TRINX Team)၊ တတိယဆု အောင်မျိုးဝင်း(ှSpeed  Team၊ စတုတ္တဆု သက်လွင်ဦး(Bike Team)၊ ပဥ္စမဆု ဇော်မင်းထွန်း(TRINX Team)နှင့် အမျိုးသား(၄ဝ)နှစ်အထက် (၁ဝ၄)ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု နေမျိုးအောင်(Bike Team၊ ဒုတိယဆု ခင်မောင်ချို(GTM Team)၊ တတိယဆု အောင်မိုးမြင့်(ပဲခူးကလပ်)တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ငွေသားဆု များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမြတ်သူမှ အမျိုးသမီး(Elite) (၂၁)ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု ခင်နှင်းဝေ(GTM Team)၊ ဒုတိယဆု ကျော့ကေခိုင် (မန္တလေးသိပ္ပံ)၊ တတိယဆု ထက်ထက်လှိုင်(ပဲခူးကလပ်)နှင့် အမျိုးသား(Elite) (၃ဝ)ကီလိုမီတာ ပြိုင်ပွဲတွင် ပထမဆု ကျော်ထွန်းဦး(GTM Team)၊ ဒုတိယဆု စောအဲလ်ခူး(Bike Team)၊ တတိယဆု ဇင်လင်းကို (TRINX Team)တို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ငွေသားဆုများ ပေးအပ်ချီးမြ§င့်ခဲ့ပါသည်။
 
ဆက်လက်၍ အမျိုးသားအသင်းလိုက်(၆ဝ)ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု GTM Team  ၊ ဒုတိယဆု TRINX Teamနော၊ တတိယဆု TWITTER Team နောနှင့် အမျိုးသားအသင်းလိုက် (၆ဝ)ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု GTM Team  ၊ ဒုတိယဆု TRINX Teamနော၊ တတိယဆု TWITTER Team  တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယñွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းမှ တစ်ဦးချင်းနှင့်အတူ ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ အမျိုးသမီးအကောင်းဆုံးအာကစားသမားဆုရ ကျော့ကေခိုင်(မန္တလေးသိပ္ပံ) နှင့် အမျိုးသားအကောင်းဆုံးအားကစားသမားဆုရ ဇင်လင်းကို(TRINX Team)တို့အား အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုူးချုပ် ဦးထွန်းမြင့်ဦးမှ ချန်ပီယံအင်္ကျီ၊ တစ်ဦးချင်းဆုတံဆိပ်နှင့်အတူ ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ အမျိုးသမီးတံခွန်စိုက်ဆုဖလားများကို ပထမ အားကစားနှင့်ကာယပညာ သိပ္ပံ(မန္တလေး)နှင့် ဒုတိယ GTM Team တို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်ဦးကျော်ဦးမှ တံခွန်စိုက်ဆုဖလားနှင့်အတူ ငွေသားဆုများ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
 
ဆက်လက်၍ အမျိုးသားတံခွန်စိုက်ဆုဖလားများကို ပထမ GTM Teamနော၊ ဒုတိယ TRINX  Team ၊ တတိယ Bike World Team တို့အား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်ဝင်းမှ တံခွန်စိုက်ဆုဖလားနှင့်အတူ ငွေသားဆုများပေးအပ်ချီးမြ§င့်ခဲ့ကြောင်း သတင်းရရှိပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%85%E1%81%89%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%86%E1%80%AF%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%90%E1%80%AC%E1%80%9D%E1%80%B1%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%AF%E1%80%95%E1%80%B1%E1%80%B8%E1%80%95%E1%80%BD%E1%80%B2%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95