spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လူရွေးပွဲကျင်းပ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည့်လည်ကြည့်ရှုစစ်ဆေးအားပေး

၂ဝ၁၉ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လူရွေးပွဲကျင်းပ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည့်လည်ကြည့်ရှုစစ်ဆေးအားပေး

နေပြည်တော်၊ မေလ(၂၅)ရက်။

၂ဝ၁၉ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၁၁)ကြိမ် မြောက် အာဆီယံကျောင်းသား အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် (ပြေးခုန်ပစ်၊ စားပွဲတင် တင်းနစ်၊ ကြက်တောင်)အားကစားနည်းများ လူရွေးချယ်ပွဲကို ယနေ့နံနက်(၆)နာရီမှ စတင်ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်သော ပြေးခုန်ပစ်အားကစားနည်း လူရွေးချယ်ပွဲကိုလည်းကောင်း၊ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း Cluster (3) ၌ ကျင်းပပြုလုပ်သော စားပွဲတင်တင်းနစ်အားကစားနည်း လူရွေးချယ်ပွဲကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C)၌ ကျင်းပပြုလုပ်သော ကြက်တောင်အားကစားနည်း လူရွေးချယ်ပုံများကို ကျောင်းသားမိဘများအား အသေးစိတ်ရှင်းလင်းပြောကြားပြီး ယှဉ်ပြိုင်နေသော အားကစားသမားများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%A1%E1%80%84%E1%80%BA%E1%80%92%E1%80%AD%E1%80%AF%E1%80%94%E1%80%AE%E1%80%B8%E1%80%9B%E1%80%BE%E1%80%AC%E1%80%B8%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%95%E1%80%BC%E1%80%AF%E1%80%9C%E1%80%AF%E1%80%95%E1%80%BA%E1%80%99%E1%80%8A%E1%80%BA%E1%80%B7-%E1%81%81%E1%81%81%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-0