spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ (16th South East Asian Body Building & Physique Sports Championships 2019) အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

(၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ (16th South East Asian Body Building & Physique Sports Championships 2019) အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်၊ မေလ( ၂၈ )ရက်။

၂ဝ၁၉ခုနှစ်၊ မေလ(၁၆)ရက်နေ့မှ (၂၁)ရက်နေ့အထိ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ (16th South East Asian Body Building & Physique Sports Championships 2019) အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ ပြိုင်ပွဲတွင် ရွှေတံဆိပ်(၉)ခု၊ ငွေတံဆိပ် (၁ဝ)ခု၊ ကြေးတံဆိပ်(၁ဝ)ခုဖြင့် အောင်မြင်မှုရရှိခဲ့သည့် အောင်ပွဲရ မြန်မာကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ည (၇)နာရီက ရန်ကုန်တိုင်းဒေသကြီး၊  မရမ်းကုန်းမြို့နယ်၊ပြည်လမ်း (၈)မိုင်လမ်းဆုံရှိ Hotel Yangon ,Royal Garden Ball Room၌ ကျင်းပရာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ကော်မတီအတွင်းရေးမှူးနှင့် အမှုဆောင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစား အဖွဲ့ချုပ်ဥက္ကြ ဦးညီညီ၊ ဒုတိယဥက္ကြ ဦးကျော်သန်းနှင့် အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစားသမားများ တက်ရောက်ကြသည်။
 

ရှေးဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဦးမောင်မောင်စိုးက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယ ကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးညီညီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြိုင်ပွဲတွင် ပထမ ရွှေတံဆိပ်ဆု ရရှိခဲ့ကြသော အားကစားသမား (၉)ဦးအား  တစ်ဦးလျှင် ရွှေ(၁)ကျပ်သားနှင့်အတူ ဆုငွေကျပ်(၅)သိန်းစီ ၊ ဒုတိယ ငွေတံဆိပ်ဆုရရှိခဲ့ကြသော အားကစားသမား(၁ဝ)ဦးအား တစ်ဦးလျှင် ဆုငွေ ကျပ်(၄)သိန်းစီကို ပေးအပ်၍လည်းကောင်း၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဌ ဦးညီညီက တတိယ ကြေးတံဆိပ်ဆု ရရှိခဲ့ကြသော အားကစားသမား(၁ဝ)ဦးအား တစ်ဦးလျှင် ဆုငွေကျပ် (၃)သိန်းစီနှင့် အားကစားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သော ဒိုင်လူကြီးများ၊ နည်းပြနှင့်စခန်း အုပ်ချုပ်သူများအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေ ကျပ်(၂)သိန်းစီအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး၊ VX အားကစားဆေးကုမ္ပဏီမှ အောင်ပွဲရအားကစားသမားများနှင့် နည်းပြ၊ ဒိုင်လူကြီးများကို ငွေကျပ်(၁)သိန်းစီနှင့် အားဆေးပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်းသိရှိရသည်။
    

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%81%E1%81%86%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%90%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%A1%E1%80%AC%E1%80%9B%E1%80%BE-%E1%80%80%E1%80%AC%E1%80%9A%E1%80%97%E1%80%9C%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%80%E1%80%BC%E1%80%B6%E1%80%B7%E1%80%81%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%99%E1%80%BE%E1%80%AF-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-16th-south-east