နေပြည်တော် မေ (၂၈)။
ဝဏ္ဏသိဒ္ဓိ Sports Complex အတွင်း အများပြည်သူများ ကျန်းမာရေးလှုပ်ရှားမှုပြုလုပ်နိုင်ရန်အတွက် နေ့စဉ် နံနက် ၇ နာရီမှ ၉ နာရီအထိလည်းကောင်း အခမဲ့ စက်ဘီးစီးနင်းလေ့ကျင့်နိုင်ကြောင်းသိရသည်။
သို့ဖြစ်၍ ဝဏ္ဏသိဒ္ဓိ Sports Complex အတွင်း ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ နှင့် အများပြည်သူများ အခမဲ့လာရောက်စက်ဘီးစီးနင်းလေ့ကျင့်နိုင်ကြောင်းသိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဦးတည်လျက် အားကစားကို ပြည်သူလူထုအတွင်း စိတ်ပါဝင်စားစေရန်အတွက် လူထုအားကစားလှုပ်ရှားမှုများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။