spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > “မနက်ဖြန်တိုင်းကျန်းမာဖျတ်လတ်သောပြည်သူများဖြစ်စေဖို့ ယနေ့ကာယပညာမြှင့်တင်ကြပါစို့” နှီးနှောဆွေးနွေးဖလှယ်ပွဲဒုတိယနေ့ကျင်းပ

“မနက်ဖြန်တိုင်းကျန်းမာဖျတ်လတ်သောပြည်သူများဖြစ်စေဖို့ ယနေ့ကာယပညာမြှင့်တင်ကြပါစို့” နှီးနှောဆွေးနွေးဖလှယ်ပွဲဒုတိယနေ့ကျင်းပ

နေပြည်တော်၊မေလ(၂၉) ရက်။        

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မေလ (၂၈)ရက်နေ့တွင်ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)ရုံ၌ ကျင်းပပြုလုပ်ခဲ့သော “မနက်ဖြန်တိုင်းကျန်းမာဖျတ်လတ်သောပြည်သူများဖြစ်စေဖို့ ယနေ့ကာယပညာမြှင့်တင်ကြပါစို့”  နှီးနှောဆွေးနွေးဖလှယ်ပွဲ (Physical Education Today for an Active and Healthy Population Tomorrow Seminar)ဒုတိယနေ့သို့တက်ရောက်ခဲ့ပါသည်။

 

အစီအစဉ်အရ မနက်ပိုင်းဆွေးနွေးပွဲသဘာပတိအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းကအဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကိုစတင် ကျင်းပရာထိုင်းနိုင်ငံမှ Physical Educationပညာရှင် Professor Emeritus Dr.ARTH NANAမှSport Science respective in Thailand ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စင်္ကာပူနိုင်ငံမှ Physical Education ပညာရှင် Mr.CHAN WENG KITမှthe purpose and goals of physical education in Singapre ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံမှ Physical Educationပညာရှင် Mrs.VU THI HUYENက physical education policy perspective in Vietnam ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သြစတြေးလျနိုင်ငံမှ Physical Educationပညာရှင် Mr. Kevin Joe Grimaကphysical education policy in Australia ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကိုမေးမြန်းကာ အကြံပြုဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

ထို့နောက် နေ့လယ်ပိုင်းအဖြစ်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာသဘာပတိအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်မှတာဝန်ယူပြီး ရန်ကုန်ပညာရေး တက္ကသိုလ်မှ ကထိက၊ ဌာနမှူး(ကာယပညာဌာန) ဒေါက်တာမိုးမိုးခိုင်မှ ''ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကာယပညာနှင့်အားကစားဆိုင်ရာ လေ့ကျင့်သင်ကြားမှုအခြေအနေ'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညောင်လေးပင်မြို့နယ်မှ အထက်တန်းပြ(အ.ထ.ကခွဲ၊တော်ဝိ) ဒေါက်တာကေသီဝင်း Challenges of Teaching and Learning in Physical Education at Upper  Primary Level from Nyaung Lebin Township ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)ဒေါက်တာရဲတင့်လွင်မှ ကာယပညာနှင့်အားကစားသင်ကြားမှုရရှိသောအကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး (အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ) ဒေါက်တာလွင်မာလှိုင်မှ Role of Nutrition in School Children ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးတင်ပြခဲ့ကြပါသည်။

 

ဒုတိယပိုင်းဆွေးနွေးပွဲအပြီးတွင်စာတမ်းရှင်များနှင့် ဆွေးနွေးပွဲတက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ပြီးစာတမ်းရှင်များမှပြန်လည်ဖြေကြားပေးခဲ့ပါသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင်-

       .          ယခုကျင်းပပြုလုပ်သည့်ဆွေးနွေးပွဲမှရရှိသော ဆွေးနွေးအကြံပြုချက်များသည်ကောင်းမွန်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ ကျန်းမာရေး၊ပညာရေး၊အားကစားဦးစီးမှူးများ၊လူမှုရေးဝန်ကြီးများ၊

                လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းအုပ်ဆရာကြီးများနှင့် ဆရာ/ဆရာမများထံဖြန့်ဝေပေးရမည်ဖြစ်ပါကြောင်း၊

·        အကြံပြုချက်များကိုအခြေခံ၍ မဟာဗျူဟာ၊ လုပ်ငန်းစဉ်များရေးဆွဲချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာနတို့              တွင် ပူးတွဲတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

·        ထုတ်ဝေထားရှိသော ကျောင်းကျန်းမာရေးလက်စွဲစာအုပ်များပိုမိုကောင်းမွန်စေရေး မွမ်းမံဖြည့်စွက်ပြီး ကျောင်းအားလုံးအားဖြန့်ဝေပေးမည်ဖြစ်ပါကြောင်း၊

·        နိုင်ငံတစ်ဝှမ်းရှိ(၉.၅) သန်းသောကျောင်းသား/သူများ ကာယပညာသင်ကြားလေ့ကျင့်ခြင်းဖြင့် ကျန်းမာ သန်စွမ်းကာ အနာဂတ်နိုင်ငံအတွက် အလွန်ကောင်းမွန်မည်ဖြစ်ပါကြောင်း၊

·      ကျောင်းသားများသိရှိသမျှ ကျန်းမာရေးအသိပညာဗဟုသုတများကိုမိဘ၊ ဆွေမျိုးနှင့်မိတ်ဆွေများပါ တစ်ဆင့်ပြန်လည်သိရှိပြီးပြည်သူများကျန်းမာရေးအတွက်အလွန်တန်ဖိုးရှိမည်ဖြစ်ပါကြောင်း 

         ကြောင်း၊

·        ယခုဆွေးနွေးပွဲတက်ရောက်သူများ၏ မေးခွန်းများနှင့် ဆွေးနွေးအကြံပြုချက်များသည် ကောင်းမွန်တန်ဖိုးရှိပါကြောင်း၊

·        အခြေခံပညာကျောင်းများတွင် အတန်းရမှတ်များ၌ အားကစားလေ့ကျင့်မှု ရမှတ်များကိုပါ ထည့်သွင်းပေးရန်အတွက် ဆွေးနွေးချက်မှာ ကောင်းမွန်ပါကြောင်း၊

·        သို့မှသာကျောင်းသား၊ ကျောင်းသူများကာယပညာသင်ကြားလေ့ကျင့်မှုကို စိတ်ပါဝင်စားစွာလုပ်ဆောင် လာမည်ဖြစ်ပါကြောင်း၊

·        အခြေခံပညာအဆင့်ကျောင်းသား၊ ကျောင်းသူများသင်ကြားနေရသောစာများမှာအလွန်များပြားနေသဖြင့် ကာယပညာလုပ်ချိန်နည်းပါးနေပါကြောင်း၊

·        သင်ရိုးညွှန်းတမ်းများတွင် စာပေနှင့် ကာယပညာတို့ကို ချိန်ညှိထည့်သွင်းရေးဆွဲခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများကာယပညာသင်ကြားလေ့ကျင့်မှု ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

·       လုပ်ငန်းများကိုတိုင်းဒေသကြီးနှင့်ပြည်နယ်လူမှုရေးဝန်ကြီးများ၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူး၊ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးများမှ ပူးပေါင်း                    ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

·       ယခုဆွေးနွေးပွဲပြီးနောက် လုပ်ငန်းများဆောင်ရွက်ရာတွင်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အချိန်ကာလအလိုက်တိုးတက်မှုများကို ဆန်းစစ်ရမည်ဖြစ်ပြီး လိုအပ်မှုနှင့် အားနည်းမှုရှိသော                 နေရာဒေသများအတွက် ဖြည့်ဆည်းတည့်မတ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

          ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ပြည်တွင်း/ပြည်ပစာတမ်းရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါကြောင်းသိရှိရပါသည်။

 

အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှလူမှုရေးဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းနှင့်တာဝန်ရှိသူများ၊ထိုင်း၊စင်္ကာပူ၊ဗီယက်နမ်၊သြစတြေးလျ၊ ပြည်ပမှ Physical Educationပညာရှင်များဖြစ်သော ဆွေးနွေးပြောကြားမည့်စာတမ်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်/မြို့နယ်အသီးသီးမှ အားကစားမှူးများနှင့် ပညာရေးဝန်ကြီးဌာနမှကာယဆရာ/ဆရာမများကာယပညာသင်ကြားလေ့ကျင့်မှု (Physical Education) သင်တန်းအပတ်စဉ်(၂ဝ) သင်တန်းတက်ရောက်နေသော သင်တန်းသား/သူများတက်ရောက်ကြပါသည်။

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E2%80%9C%E1%80%99%E1%80%94%E1%80%80%E1%80%BA%E1%80%96%E1%80%BC%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%96%E1%80%BB%E1%80%90%E1%80%BA%E1%80%9C%E1%80%90%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%9E%E1%80%B0%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%96%E1%80%BC%E1%80%85%E1%80%BA%E1%80%85%E1%80%B1%E1%80%96%E1%80%AD%E1%80%AF%E1%80%B7-%E1%80%9A%E1%80%94%E1%80%B1%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%99%E1%80%BC%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%90%E1%80%84%E1%80%BA%E1%80%80%E1%80%BC%E1%80%95%E1%80%AB%E1%80%85%E1%80%AD%E1%80%AF%E1%80%B7%E2%80%9D