spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂၀၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၀၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

 
ရန်ကုန်၊ မေလ(  ၃၀   )ရက်။
 
၂၀၁၉ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲကို မေလ(၂၂)ရက်နေ့မှစတင်ကျင်းပ၍ ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ(၄)နာရီက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏပိုက်ကျော်ခြင်းအားကစားရုံတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ ကွမ်းခြံကုန်းမြို့နယ်  လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁) ဦးမန်းအောင်ကိုမင်းနှင့် လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂)ဦးအောင်မင်းမင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် ခရိုင်/မြို့နယ်အရာရှိများ၊ ရန်ကုန်တိုင်းဒေသကြီးပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးကြည်၀င်း၊ ရန်ကုန်တိုင်းဒေသကြီး ကရာတေးဒိုဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိုး၀င်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစားသမားများတက်ရောက်ကြသည်။
 
 
ဗိုလ်လုပွဲများအပြီးတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်က အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ သာကေတမြို့နယ်၊ ဒုတိယဆုရ ရွှေပြည်သာမြို့နယ်နှင့်တတိယဆုရ သင်္ဃန်းကျွန်းမြို့နယ်အသင်းတို့နှင့် အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ ကွမ်းခြံကုန်းမြို့နယ်အသင်း၊ ဒုတိယဆုရ တွံတေးမြို့နယ်အသင်းနှင့် တတိယဆုရ သင်္ဃန်းကျွန်းမြို့နယ်အသင်းတိုအား တစ်ဦးချင်း ဆုများပေးအပ်ချီးမြှင့်၍လည်းကောင်း၊   မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒိုင်ချုပ်ဦးငွေသိန်းက အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ သာကေတမြို့နယ်၊ ဒုတိယဆုရ သန်လျင်မြို့နယ်နှင့်တတိယဆုရ လှိုင်မြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များပေးအပ်ချီးမြှင့်၍ လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်  လွှတ်တော် ကိုယ်စားလှယ်မဲဆန္ဒနယ်အမှတ်(၁) ဦးမန်းအောင်ကိုမင်းက အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရရှိသော သာကေတမြို့နယ်မှ ကျောနံပါတ်(၃) စည်သူစိုး၊ ရန်ကုန်တိုင်းဒေသကြီး ကရာတေးဒို ဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိုး၀င်းက အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမားဆုရ ကွမ်းခြံကုန်းမြို့နယ်မှ ကျောနံပါတ်(၂)စန်းသီတာမိုး တို့အားဆုတံဆိပ်နှင့်အတူငွေသားဆုများကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်  လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂)ဦးအောင်မင်းမင်းက အမျိုးသားသုံးယောက်တွဲ ပြိုင်ပွဲတွင် အကောင်းဆုံးအားကစား သမားဆုရ သာကေတမြို့နယ်မှ ကျောနံပါတ်(၄)မင်းထက်အား ဆုတံဆိပ်နှင့်အတူငွေသားဆုကိုပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးကြည်၀င်းက အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားနှင့်ငွေသားဆုရရှိသွားသော သာကေတမြို့နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အမျိုးသမီးသုံးယောက် တွဲပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားနှင့်ငွေသားဆုရရှိသွားသော ကွမ်းခြံကုန်းမြို့နယ်အသင်းတို့အား ဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်ကိုယ်စား လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်းကအမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် သာကေတမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကြီးနှင့်အတူ ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
 
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%81%80%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%81%80%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%94%E1%80%9A%E1%80%BA%E1%80%95%E1%80%B1%E1%80%AB%E1%80%84%E1%80%BA%E1%80%B8%E1%80%85%E1%80%AF%E1%80%B6