spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနည်းပြများ မွမ်းမံ(၁)လသင်တန်းဆင်းပွဲအခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် သင်တန်းဆင်းအမှာစကားပြောကြား

၂ဝ၁၉ ခုနှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနည်းပြများ မွမ်းမံ(၁)လသင်တန်းဆင်းပွဲအခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် သင်တန်းဆင်းအမှာစကားပြောကြား

နေပြည်တော် ၊ မေလ(၃၁) ရက်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနည်းပြများ မွမ်းမံသင်တန်း(၁/၂ဝ၁၉)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၈:ဝဝ)နာရီ အချိန်တွင် Multipurpose Hall ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်၍ နည်းပြသင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း၊ ယခု နောက်ပိုင်းတွင် အားကစားသမားနှင့် နည်းပြများ အင်အားနည်းပါးလာခြင်းတို့ကြောင့် ပထမဆုံးအကြိမ် အဖြစ် ၂ဝ၁၈ ခုနှစ်တွင် (၁/၂ဝ၁၈)ကို  တစ်ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် ဆက်လက်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အားကစားနည်းပြကောင်းများ ပေါ်ထွန်းလာစေရေး၊ နည်းပြများ၏ အားကစားအရည်အချင်း၊ အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် နည်းပြကောင်းများ ပေါ်ထွက်လာနိုင်စေရေးအတွက် ရည်ရွယ်ပါကြောင်း၊ အားကစားနည်းပြ(၁)လ သင်တန်းအား စဉ်ဆက်မပြတ် စီမံကိန်းများဖြင့် (၄)လတစ်ကြိမ် ဖွင့်လှစ်ပေးမှာဖြစ်ပြီး (၁)နှစ်ကို (၃)ကြိမ်ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှတစ်ဆင့် နောက်ပိုင်းတွင် (၃)လ သင်တန်း၊ (၁)နှစ်သင်တန်းများ ဖွင့်လှစ်ပေးပြီး ဒီပလိုမာ ရရှိသည်အထိ ဘွဲ့များ ချီးမြှင့်အပ်နှင်းပေးမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နည်းပြသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသော နည်းပြများ ဆောင်ရွက်ရမည့် Training Theory များ  နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ပြိုင်ပွဲများတွင်လည်း လက်ရှိကျင့်သုံးနေသော ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို လွယ်လင့်တကူသိရှိနားလည်လာမှာဖြစ်ပါကြောင်း၊ Administration နဲ့ သက်ဆိုင်သော ဘွဲ့များပေးမည် ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှာ သင်ကြားပို့ချလိုက်သော သင်ခန်းစာများကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် အထူးကြိုးစားကြဖို့ လိုအပ်ကြောင်း၊ အရည်အချင်းပြည့်ဝတဲ့ နည်းပြကောင်းများဖြစ်လာပြီး မျိုးဆက်သစ် အားကစားသမားများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံ့ဂုဏ်ကို မြှင့်တင် ပေးနိုင်သော နည်းပြကောင်းများ ပေါ်ထွက်လာနိုင်စေရန် သင်တန်းသားများဘက်မှာ အထူးကြိုးစားကြဖို့ လိုအပ်ကြောင်း၊ ယခုသင်တန်းမှ ထူးချွန်ထက်မြက်သော နည်းပြကောင်းများကို နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်ပြီး လေ့လာဆည်းပူးခွင့်ရအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ခန္ဓာဗေဒ၊ ဇီဝကမ္မဖြစ်စဉ်တွေကို မိမိတို့ ကိုယ်တိုင် ကျွမ်းကျင်ပိုင်နိုင်မှသာ မျိုးဆက်သစ် အားကစားသမားများကို အကောင်းဆုံးလေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ နည်းပြအဆင့်တွေကLevel အလိုက်ရှိ၍Level အလိုက် ကျွမ်းကျင်ဖို့ လိုအပ်သောကြောင့် သင်တန်းတွေတက်ဖို့ လိုအပ်ပါကြောင်း၊ လုပ်ငန်းတွင်ကြုံတွေ့ရမည့် စိန်ခေါ်မှုတွေကိုလည်း ကောင်းမွန်စွာဖြေရှင်းနိုင်ဖို့ လိုအပ်ပါကြောင်း၊ ယခုဖွင့်လှစ်လိုက်တဲ့ အားကစားနည်းပြများ မွမ်းမံ(၁)လ သင်တန်း၏ သင်ခန်းစာများကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ကိုးကားပြီး လေ့လာဆည်းပူးကြစေလိုကြောင်း၊ လက်တွေ့လုပ်ငန်းခွင်တွင်လည်း အကျိုးရှိရှိ ပြန်လည်အသုံးချကြစေလိုကြောင်း၊ ဌာနအကြီးအကဲများမှ မိမိတို့ကို အားကိုးထိုက်သော အရည်အချင်းပြည့်ဝတဲ့ နည်းပြကောင်းများဖြစ်လာအောင် အထူးကြိုးစားကြစေ လိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/သင်တန်းသူများမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ သင်တန်းသား ကိုယ်စားလှယ်(၂)ဦးအား သင်တန်းဆင်းအောင်လက်မှတ်များကို ချီးမြ§င့်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ အားကစားနည်းပြသင်တန်း (၁/၂ဝ၁၉)တွင် သင်တန်းသား(၁ဝ)ဦး၊ သင်တန်းသူ(၂ဝ)ဦး စုစုပေါင်း (၃ဝ)ဦးတို့ တက်ရောက်သင်ကြားပြီး (၆.၅.၂ဝ၁၉)ရက်နေ့မှ (၃၁.၅.၂ဝ၁၉) ရက်နေ့အထိ သင်ကြားခဲ့ကြောင်း သိရှိရပါသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99%E1%80%AC%E1%80%9B%E1%80%B1%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9D%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%80%E1%80%AC%E1%80%9A%E1%80%95%E1%80%8A%E1%80%AC%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%8C%E1%80%AC%E1%80%94-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%94%E1%80%8A%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%99%E1%80%BB%E1%80%AC%E1%80%B8-1