spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ညွွှန်ကြားရေးမႉးချုပ် ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားကွင်းအတွင်း ဝန်ထမ်း၂ထပ်အိမ်ရာ တည်ဆောက်နေခြင်း လိုက်လံကြည့်ရှု

ညွွှန်ကြားရေးမႉးချုပ် ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားကွင်းအတွင်း ဝန်ထမ်း၂ထပ်အိမ်ရာ တည်ဆောက်နေခြင်း လိုက်လံကြည့်ရှု

ပဲခူးမြို့ ဇွန်လ ၁ ရက်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွွှန်ကြားရေးမႉးချုပ် ဦးမျိုးလှိုင်သည်( ၁-၆-၂၀၁၉)ရက်နေ့ညနေ့ ၄နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားကွင်းအတွင်း ဝန်ထမ်း၂ထပ်အိမ်ရာ တည်ဆောက်နေသော နေရာသို့ ရောက်ရှိရာ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမႉးဦးစိုးနိုင် နှင့် တာဝန်ရှိသူများနှင့်ကုမ္ပဏီမှ တာဝန်ရှိသူများမှ ကြိုဆိုကြပါသည်။ ထို့နောက် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ လိုက်လံစစ်ဆေး၍ လိုအပ်သည်များ မှာကြားပါသည်။ ထို့နောက် အားကစားအတွင်း လေ့ကျင့်သင်ကြားနေသော ကရာတေးဒို မျိုးဆက်သစ် ကစားသမားများ လေ့ကျင့်သင်ကြားနေမှုအား ကြည့်ရှူအားပေးပါသည်။ ထိုနောက် ပဲခူးမြို့တွင် ညအိပ်ရပ်နားပါသည်။ ညွှန်ကြားရေးမႉးချုပ် ဦးမျိုးလှိုင်သည် ညွှန်ကြားရေးမႉးဦးစိုးနိုင်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ (၂-၆-၂၀၁၉) မနက်ပိုင်းတွင် ပဲခူးခရိုင် ဝေါမြို့နယ် အားကစားရုံသို့ သွားရောက်ကြည့်ရှူ စစ်ဆေးပါသည်။

 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%8A%E1%80%BD%E1%80%BD%E1%80%BE%E1%80%94%E1%80%BA%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%82%89%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA-%E1%80%95%E1%80%B2%E1%80%81%E1%80%B0%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8-%E1%80%95%E1%80%B2%E1%80%81%E1%80%B0%E1%80%B8%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7-%E1%80%A1%E1%80%AC%E1%80%B8%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%80%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%A1%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8