spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ညွှန်​ကြား​ရေးမႉးချုပ်​ ဦးမျိုးလှိုင်​သည်​ ကရင်​ပြည်​နယ်​ ဘားအံမြို့တွင်​ ကွင်း/ရုံများ၊ တည်​​ဆောက်​​ရေးလုပ်​ငန်းများ ကြည့်ရှုစစ်​​ဆေးခြင်း၊ ဝန်​ထမ်းများနှင့် တွေ့ဆုံခြင်းများ

ညွှန်​ကြား​ရေးမႉးချုပ်​ ဦးမျိုးလှိုင်​သည်​ ကရင်​ပြည်​နယ်​ ဘားအံမြို့တွင်​ ကွင်း/ရုံများ၊ တည်​​ဆောက်​​ရေးလုပ်​ငန်းများ ကြည့်ရှုစစ်​​ဆေးခြင်း၊ ဝန်​ထမ်းများနှင့် တွေ့ဆုံခြင်းများ

ဘားအံ ဇွန်လ ၂ ရက်။

ကျန်းမာ​ရေးနှင့် အားကစားဝန်​ကြီးဌာန​ အားကစားနှင့်​ကာယပညာဦးစီးဌာန ညွှန်​ကြား​ရေးမႉးချုပ်​ ဦးမျိုးလှိုင်​သည်​ ကရင်​ပြည်​နယ်​ ဘားအံမြို့တွင်​ 2-6-2019ရက်​​နေ့တွင်​ကွင်း/ရုံများ၊ တည်​​ဆောက်​​ရေးလုပ်​ငန်းများ ကြည့်ရှုစစ်​​ဆေးခြင်း၊ ဝန်​ထမ်းများနှင့် တွေ့ဆုံခြင်းများ ​ဆောင်​ရွက်​ခဲ့ရာ ပြည်​နယ်​မိုးလုံ​လေလုံအားကစားရုံ ၊ ပြည်​နယ်​/ခရိုင်​ / မြို့နယ်​ရုံးများ ရုံခန်းအ​ခြေ​အနေ အ​လေးမအားကစားခန်းမနှင့် အ​ဆောက်အ​ဦး​ ဆောက်​လုပ်​​နေမှု၊ လှာကမြင်​အဆင့်မြင့် အားကစားကွင်း၊ အားကစားရုံများကို လိုက်​လံကြည့်ရှု စစ်​​ဆေးခြင်းများ​ဆောင်​ရွက်​ခဲ့ပြီး ​အောင်​သံလွင်​ကွင်းအစည်းအ​ဝေး​ခန်းမတွင်​ ညွှန်​ကြား​ရေးမႉးချုပ်​နှင့် ပြည်​နယ်​ /ခရိုင်​/မြို့နယ်​များမှ အရာထမ်း အမှုထမ်းများနှင့် ​တွေ့ဆုံလျှက်​ လမ်းညွှန်​အမှာစကားများ​ပြောကြားခဲ့ပြီး လုပ်​ငန်းလိုအပ်​ချက်​ အသီးသီးကိုဖြည့်ဆည်း​ဆောင်​ရွက်​​ပေးခဲ့ပါသည်​။ ဝန်​ထမ်းများနှင့် တွေ့ဆုံရာတွင်​ ဌာနအတွက်​ အလုပ်​ကြိုးစား​ဆောင်​ရွက်​ကြရန်​၊  ရုံးလုပ်ငန်းဆိုင်ရာများ စနစ်​တကျ​ဆောင်​ရွက်​ရန်​ ဌာနတွင်း ဝန်​ထမ်းများ စည်းစည်းလုံးလုံးရှိရန်​နှင့် ထက်​အောက်​အပြန်​လှန်​​ လေးစားမှုရှိ​စေရန်​၊ ဝန်​ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ပြုမူ​နေထိုင်​ရန်​ လုပ်​ငန်းသုံး လိုအပ်​ချက်​များ အဆင့်ဆင့်တင်​ပြ​တောင်းဆိုသွားရန်​ ​ငွေစာရင်းဆိုင်​ရာများ ဘ႑ာ​ရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်​တကျ​ဆောင်​ရွက်​ရန်​ English နှင့် Computer ပညာရပ်​များဆည်းပူး​လေ့လာသွားရန်​ အားကစားပြိုင်​ပွဲများ ကြိုတင်​ပြင်​ဆင်​လျှက်​ ယှဉ်​ပြိုင်​သွားရန်​ ပြိုင်​ပွဲအသီးသီးတွင်​​ အောင်​မြင်​မှုရရှိ​ရေးအတွက်​ အ​လေးထား​ဆောင်​ရွက်​ရန်​ ကွင်း/ရုံများ ဥပဓိရုပ်​​ကောင်းမွန်​ရေး ပြုပြင်​ထိန်းသိမ်းရေး ဆောင်​ရွက်​သွားရန်​ လမ်းညွှန်​မှာကြားလျှက်​ လုပ်​ငန်းလိုအပ်​ချက်​များ ဖြည့်ဆည်း​ဆောင်​ရွက်​​ပေးခဲ့ပါသည်။

 

 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%8A%E1%80%BD%E1%80%BE%E1%80%94%E1%80%BA%E2%80%8B%E1%80%80%E1%80%BC%E1%80%AC%E1%80%B8%E2%80%8B%E1%80%9B%E1%80%B1%E1%80%B8%E1%80%99%E1%82%89%E1%80%B8%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA%E2%80%8B-%E1%80%A6%E1%80%B8%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9C%E1%80%BE%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E2%80%8B%E1%80%9E%E1%80%8A%E1%80%BA%E2%80%8B-%E1%80%80%E1%80%9B%E1%80%84%E1%80%BA%E2%80%8B%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E2%80%8B%E1%80%94%E1%80%9A%E1%80%BA%E2%80%8B-%E1%80%98%E1%80%AC%E1%80%B8%E1%80%A1%E1%80%B6%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E2%80%8B-%E1%80%80%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%AF%E1%80%B6%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%81%8A-%E1%80%90%E1%80%8A%E1%80%BA%E2%80%8B