spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၉ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌဖလား ဂျူဒိုပြိုင်ပွဲ ၊ ဖွင့်ပွဲကျင်းပ

၂ဝ၁၉ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌဖလား ဂျူဒိုပြိုင်ပွဲ ၊ ဖွင့်ပွဲကျင်းပ

ရန်ကုန်၊ ဇွန်လ( ၄)ရက်။

၂ဝ၁၉ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်ဥက္ကဌဖလား လူသစ်တန်းနှင့် အသက်(၂ဝ)နှစ်အောက် သက်ငယ်တန်း ဂျူဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီက ရန်ကုန်မြို့၊ မဂင်္လာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားပြိုင်ဝင်း(မိုးလုံ/လေလုံ)အားကစားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံဂျုဒိုအဖွဲ့ချုပ် အနေဖြင့် ရေရှည်လုပ်ငန်း တစ်ရပ်ဖြစ်တဲ့ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး အစီအစဉ်တစ်ရပ်ကို စနစ်တကျတိုးတက်လာစေရေးအတွက် မျိုးဆက်သစ် ဂျူဒိုအားကစားသမားများအတွက် ယခုပြိုင်ပွဲသည် အလွန်အရေးပါသည့် ပြိုင်ပွဲဖြစ်သည့်အတွက်ကြောင့်လည်းကောင်း၊ SEA Games ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် အများဆုံး ဆွတ်ခူးပေးနိုင်တဲ့ ရွှေတံဆိပ်(၃)ခု၊ (၂)ခုဆုရှင်တွေဖြစ်တဲ့ အေးအေးအောင်၊ ဇင်လင်းအောင်၊ ရန်နိုင်စိုးတို့ဟာ ယခုကျင်းပပြုလုပ်ပေးတဲ့ လူသစ်တန်းနှင့်အသက်(၂ဝ)နှစ်အောက် သက်ငယ်တန်းပြိုင်ပွဲတွေကနေ ပေါ်ထွက်လာတဲ့ ရွက်ပုန်းသီးအားကစားတွေကနေ နိုင်ငံလက်ရွေးစင်အဖြစ် ရွှေတံဆိပ်ဆုတွေ ရယူပေးနိုင်ခဲ့တာဖြစ်သည့်အတွက် ယခုပြိုင်ပွဲဝင် လူငယ်ဂျုဒို အားကစားသမားများ အတုယူ အားကျလာစေရန် ရည်ရွယ်၍ နှစ်စဉ် လူသစ်တန်းနှင့် (၂ဝ)နှစ်အောက်ပြိုင်ပွဲများ ကျင်းပရခြင်း ဖြစ်ပါကြောင်းဖြင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌဦးထွန်းထွန်းမှ ပြိုင်ပွဲ ဖွင့်ပွဲတွင် ပြောကြားသွားခဲ့သည်။

ပြိုင်ပွဲ ဖွင့်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းနှင့် ဒုတိယဥက္ကဌများ ၊ အထွေထွေအတွင်းရေးမှူး ဒေါ်သီသီရှိန်နှင့် အလုပ်အမှုဆောင်များ၊ ပဏာမ မြန်မာ့လက်ရွေးစင် ဂျပန်နိုင်ငံသား ဂျူဒိုနည်းပြချုပ်နှင့် ပြိုင်ပွဲဝင် ဂျူဒိုအသင်းများ တက်ရောက်ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် သက်ငယ်တန်းဂျူဒိုပြိုင်ပွဲကို ဇွန်လ(၄)ရက်နေ့မှ (၆)ရက်နေ့ အထိ ပြိုင်ပွဲဝင်အသင်း (၁၃)သင်းမှ (ရန်ကုန်၊ မန္တလေး၊မုံရွာ၊ တောင်ကြီးနှင့် လွိုင်ကော်) အားကစားနှင့် ကာယပညာသိပ္ပံအသင်းများ၊ ဧရာဝတီမြောင်းမြကလပ်အသင်း၊ အောင်ဆန်းကလပ်၊ အမျိုးသားရေကူးကန်ကလက်၊ ရွှေပြည်သာကလပ်၊ ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မွန်ပြည်နယ်အသင်း၊ ဒဂုံဆိပ်ကမ်းအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြိုင်ပွဲတွင် လူသစ်တန်းပြိုင်ပွဲ၌ အမျိုးသား(၈၅)ဦး၊ အမျိုးသမီး (၄၅)ဦး၊ အသက်(၂ဝ)နှစ်အောက် သက်ငယ်တန်းပြိုင်ပွဲတွင် အမျိုးသား(၈၇)ဦး၊  အမျိုးသမီး(၅ဝ)ဦး၊ စုစုပေါင်း(၂၆၇)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။
 


Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%89%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%A1%E1%80%AD%E1%80%AF%E1%80%9C%E1%80%B6%E1%80%95%E1%80%85%E1%80%BA%E1%80%94%E1%80%B1%E1%80%B7%E1%80%A1%E1%80%91%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%A1%E1%80%99%E1%80%BE%E1%80%90%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6%E1%80%82%E1%80%BB%E1%80%B0%E1%80%92%E1%80%AD%E1%80%AF%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%81%E1%80%BB%E1%80%AF%E1%80%95%E1%80%BA-%E1%80%A5%E1%80%80%E1%80%B9%E1%80%80%E1%80%8C%E1%80%96%E1%80%9C%E1%80%AC%E1%80%B8-%E1%80%82%E1%80%BB%E1%80%B0%E1%80%92%E1%80%AD%E1%80%AF%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%81%8A