ရန်ကုန်၊ ဇွန်လ (၄)ရက်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမြင့်ထွေးသည် ဇွန် (၄)ရက်နေ့၊ နံနက်(၈)နာရီခွဲက ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်းရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) (၂၀၁၉-၂၀၂၀) ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စု၀န်ကြီးက သင်တန်းအဖွင့် အမှာစကား ပြောကြားရာတွင် -
ဝန်ကြီးဌာနရှိ အားကစားနှင့်ကာယပညာသိပ္ပံ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းကျောင်း(၆)ကျောင်းမှ ဘက်စုံ ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သော မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်ရေးအတွက် ဘက်စုံပံ့ပိုးပေးထားပြီး ကျောင်းသား/ကျောင်းသူများ အနေဖြင့်လည်း မြင့်မားသော ရည်မှန်းချက်များချမှတ်၍ အားသွန်ခွန်စိုက် ကြိုးစားလေ့လာနိုင်ပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်အဖြစ် အောင်ပွဲများရရှိသူများအားလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုသွားမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း အပါအဝင် ရှေ့ရေးအလားအလာ ကောင်းမွန်ရန်ကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းကျောင်း (၆)ကျောင်းအနက် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)သည် အစဉ်အလာကောင်း၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့ပြီး အောင်မြင်မှုများရယူပေးနိုင်ခဲ့သော ကျောင်းလည်းဖြစ်ပါကြောင်း၊ ထိုအစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းရန်မှာ ကျောင်းအုပ်ကြီးနှင့်တကွ အရာထမ်း/အမှုထမ်းများတွင် တာဝန်ရှိသကဲ့သို့ ဦးစီးဌာနမှ အကြီးအကဲများတွင်လည်း တာဝန်ရှိသည့်အတွက် အနည်းဆုံး (၃)လလျှင် (၁)ကြိမ် စဉ်ဆက်မပြတ်လာရောက်ကြည့်ရှုပြီး လိုအပ်ချက်များ သုံးသပ်ကာ ဖြည့်ဆည်းပေးရန်လိုအပ်ပါကြောင်း၊ ထို့အပြင်ကျောင်းသား/သူ တစ်ဦးချင်းစွမ်းဆောင်ရည်နှင့် အားကစားနည်းအလိုက် တိုးတက်မှုရှိ/မရှိကိုလည်း စောင်ကြည့်သုံးသပ်ကာ တိုးတက်မှုနည်းပါးသည့် ကျောင်းသား/သူ၏ လိုအပ်ချက်၊ အားနည်းချက်ကို သုံးသပ်ဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ အနေဖြင့်လည်း ကူညီပံ့ပိုး ပေးစေလိုပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆)ကျောင်းမှ ကျောင်းအုပ်ကြီးများအနေဖြင့်လည်း (၃)လ လျှင်(၁)ကြိမ် အချင်းချင်း တွေ့ဆုံပြီး နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများ ထွက်ပေါ်ရေးကို ဦးတည်၍ အားနည်းချက်/ အားသာချက်များ ဖလှယ်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာအားကစားနည်းအလိုက် ပြောင်းလဲလာသော နည်းစနစ်၊ နည်းဥပဒမျေားအရ နည်းပြများသည် ခေတ်နှင့်အညီ သင်ကြားမှုပုံစံပြောင်းရန်လည်း လိုအပ်ပါကြောင်း၊ နည်းပြများ၏ သင်ကြားမှုစွမ်းရည်ကိုလည်း သုံးသပ်ရန် လိုအပ်ပြီး အားကစားနည်းအလိုက် အားကစားသမားများအရည်အချင်း တိုးတက်မှုရှိအောင် သင်ကြားနိုင်စွမ်းရှိသော နည်းပြများအား ရွေးချယ် တာဝန်ပေးအပ် ရမည်ဖြစ်ပါကြောင်း၊ လေ့ကျင့်မှုတိုင်းသည် သိပ္ပံနည်းကျလုပ်ဆောင်ရန်လိုအပ်ပြီး ကမ္ဘာတစ်ဝန်း၌ မည်သို့မည်ပုံ သင်ကြားလေ့ကျင့်မှု လုပ်ဆောင်နသေည်ကို စဉ်ဆက်မပြတ် သိရှိစရေန် အင်တာနက်ကွန်ရက်မှ တဆင့်ကြည့်ရှု သတင်းရယူမှုအဖွဲ့ ဖွဲ့၍ စောင့်ကြည့်လေ့လာ အတုယူလုပ်ဆောင်ရန်လည်း လိုအပ်ပါကြောင်း၊ တစ်ဦးချင်းအလိုက်နှင့် အသင်းအဖွဲ့လိုက် ပြိုင်ပွဲများကို မှတ်တမ်းတင်ရိုက်ကူး၍ လုပ်ဆောင်မှုများကို အပစ်ရှာခြင်းမျိုးမဟုတ်ဘဲ အမှားပြုပြင်နိုင်ရန်အတွက် ပြန်လည်သုံးသပ် ဝေဖန်ခြင်းမျိုးလည်း လုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား/ကျောင်းသူများ၏ အကျင့်စာရိတ္တ၊ စည်းကမ်းနှင့် ပတ်သက်၍ လုံးဝအလျော့ပေးခြင်းမျိုး မပြုလုပ်ရန်နှင့် ဆေးလိပ်၊ အရက်၊ ကွမ်းယာ နှင့် မူးယစ်စေတတ်သော အရာများသုံးစွဲခြင်းရှိပါက ပြတ်ပြတ်သားသား ချက်ခြင်း အရေးယူဆောင်ရွက်သွားရမည်ပါကြောင်း၊ ဆရာ/ဆရာမ၊ နည်းပြများကလည်း ကျောင်းသား/ ကျောင်းသူများအတွက် စံပြဖြစ်ရန် လိုအပ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပွံ ကျောင်း(၆)ကျောင်း ပြိုင်ပွဲတွင် ပထမရရှိသော စံချိန်ဖြင့်သာ ကျနေပ်နေ၍ မဖြစ်ဘဲ အရှေ့တောင်အာရှစံချိန်၊ အာရှစံချိန်များဖြင့် ချိန်ထိုး၍ ကြိုးစားနေရမှာဖြစ်ပါကြောင်း၊ အားကစားသမားများအတွက် လေ့ကျင့်ရုံသက်သက်တစ်ခုတည်းနှင့်မဟုတ်ဘဲ အာဟာရ ပိုင်းကိုလည်း ဝန်ကြီးဌာနမှ အာဟာရဖွံ့ဖြိုးရေးနှင့်သုတသေနဌာနခွဲ (National Nutrition Centre) နှင့်ချိတ်ဆက်၍ အားကစားနည်းအလိုက် သင့်တော်ပြီး ခွန်အားပြည့် စေနိုင်သော အာဟာရအုပ်စုများဖြင့် ကျွေးမွေးရန် လိုအပ်ပါကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် အားကစားသုတသေန လုပ်ငန်းများအပါအဝင် အသုံးချသုတသေနလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်နေပြီး ယခုနှစ်ဘတ်ဂျက်တွင် ကျပ်သန်း (၃၀၀၀) ဖြင့် လျာထား၍ အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားအိုလံပစ် ကောင်စီကိုလည်း ပြန်လည်ဖွဲ့စည်းပြီးဖြစ်၍ မနြ်မာနိုင်ငံအိုလံပစ် ကော်မတီကိုလည်း သက်ဆိုင်ရာ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဌ၊ ဒုတိယဥက္ကဌများ ပါဝင်၍ အမြန်ဆုံး ပြန်လည်ဖွဲ့စည်းကာ မြန်မာ့အားကစားလောက ပိုမိုတိုးတက်ဖွံ့ဖြိုးရေး အကြံဉာဏ်များ ရယူဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ထွက်ပေါ်ရေးအတွက် ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှလည်း ဆက်လက် ပူးပေါင်းဆောင်ရွက် ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒသေကြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်ကလည်း အားကစားနှင့်ပညာရေးပေါင်းစပ် ကျောင်းသား/ကျောင်းသူများအနေနဖြင့် အားကစားလေ့ကျင့်ရာတွင် လိုက်နာသင့်သော အချက်များနှင့် ယှဉ်ပြိုင်နေစဉ် ထားရှိရမည့် စိတ်ဓါတ်များကိုပြောကြားခဲ့ပါသည်။
ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြရာ တာဝန်ရှိသူများက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည် ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသူ/သင်တန်းသားများက ကရာတေးဒို၊ တိုက်ကွမ်ဒို၊ ကျွမ်းဘား ၊ ဝူရှူးမှ အခြေခံလေ့ကျင့်ခန်းများနှင့် “ ကိုယ်လက်လှုပ်ရှားဆေး တစ်ပါး” လှုပ်ရှားမှု Myanmar Fitness Dance ကို သရုပ်ပြခဲ့ကြပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရွှပေါရမီပဲနို့အာဟာရတိုက်ကျွေးမှုအားလည်းကောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အားကစားနည်းအလိုက် အသုံးပြုမည့် အားကစား အထောက်အကူပြု ပစ္စည်းများ ခင်းကျင်း ပြသထားမှုအားလည်းကောင်း လိုက်လံကြည့်ရှုခဲ့သည်။
အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) သင်တန်းကျောင်းသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌ လက်ကျန်သင်တန်းသားများအပါအဝင် လျာထား သင်တန်းသား/သင်တန်းသူ (၅၄၀)ဦးကို အားကစား နည်း (၂၃)နည်းဖြင့်လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒသေကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့် ၊ လူမှုရေး၀န်ကြီး ဦးနိုင်ငံလင်း၊ တာမွေမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ်နှင့် တာ၀န်ရှိသူများ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ ဥက္ကဌများ၊ ဒုတိယဥက္ကဌများနှင့် အထွထွေအတွင်းရေးမှူးများ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။