spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > (၅၉)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ဆုဖလားBMX, Downhill & MTB XC စက်ဘီးစီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

(၅၉)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ဆုဖလားBMX, Downhill & MTB XC စက်ဘီးစီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

 
နေပြည်တော်၊ ဒီဇင်ဘာ(၁၄)ရက်။
 
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်သော လူငယ်မောင်မယ်များ ဖြစ်ပေါ်လာစေရေးနှင့် စက်ဘီးအာကစားနည်းကို ယခုထက်ပိုမိုစိတ်ပါဝင်စားလာစေရန်ရည်ရွယ်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် Myan Shwe Pyi Tractors Limited, Myanmar C.P. Livestock Co.,Ltd, F&N Co.,Ltd (100 PLUS) နှင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် (၅၉)ကြိမ်မြောက် အမျိုးသားတံခွန်စိုက်ဆုဖလား Mountain Bike စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက် (၇)နာရီအချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းပြင်ပ ပတ်လမ်း၌ အမျိုးသား၊အမျိုးသမီး (၂၅)အောက်နှစ်၊(၂၅-၄ဝ)နှစ်အောက်၊ (၄ဝ)နှစ်အထက် Mountain Bike ပြိုင်ပွဲကို အမျိုးသား(၃၁)ဦး၊ အမျိုးသမီး(၁ဝ)ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဌဦးမြတ်သူမှ သေနတ်ပစ်ဖောက်ကာ တာလွှတ်ပေးခဲ့ပြီး Mount Pleasant စက်ဘီးအားကစားကွင်း၌ ပန်းဝင်ခဲ့သည်။ ဆက်လက်ပြီး အမျိုးသား Mountain Bike(Elite)  ပြိုင်ပွဲကိုအမျိုးသား(၉)ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး Myanmar C.P. Livestock Co.,Ltd ဒေါက်တာစိုးလွင်မှ သေနတ်ပစ်ဖောက်ကာ တာလွှတ်ပေးခဲ့ပြီး Mount Pleasant  တောင်ပေါ်တောလမ်းအတိုင်း စီးနင်းပြီးစက်ဘီးအားကစားကွင်း ပန်းဝင်ခဲ့သည်။ ဆက်လက်ပြီး BMX  မျိုးဆက်သစ်အားကစားသမားများမှ နှစ်ယောက်တွဲသရုပ်ပြသခဲ့သည်။
 
 
ပြိုင်ပွဲအပြီးဆုပေးချီးမြွင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ အမျိုးသားBMX (Beginner)  ပြိုင်ပွဲ၊ BMX (Elite)  ပြိုင်ပွဲ၊ Downhil (Beginner)ပြိုင်ပွဲ၊ Downhill (Elite)ပြိုင်ပွဲ၊ အမျိုးသမီး Mountain Bike ပြိုင်ပွဲ၊ အမျိုးသား(၂၅)နှစ်အောက် Mountain Bike  ပြိုင်ပွဲ၊ အမျိုးသား(၂၅-၄ဝ)နှစ်အောက် Mountain Bike  ပြိုင်ပွဲ၊ အမျိုးသား(၄ဝ)နှစ်အထက် Mountain Bike ပြိုင်ပွဲနှင့် အမျိုးသား Mountain Bike(Elite) ပြိုင်ပွဲများတွင် ဆုရရှိသော အားကစားသမားများအား မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဌများ၊ Myanmar C.P. Livestock Co.,Ltd မှ ဒေါက်တာစိုးလွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများမှ ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
 
ဆက်လက်၍ အမျိုးသား Mountain Bike (Elite) ပြိုင်ပွဲတွင် ပထမဆုရရှိသော စောအယ်ခူးအား မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးအောင်ဝင်ထွန်းမှ ငွေကျပ်(၂)သိန်းနှင့် အတူ စက်ဘီးစီးဖိနပ်အား ထပ်မံချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%85%E1%81%89%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%90%E1%80%B6%E1%80%81%E1%80%BD%E1%80%94%E1%80%BA%E1%80%85%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%86%E1%80%AF%E1%80%96%E1%80%9C%E1%80%AC%E1%80%B8bmx-downhill-mtb-xc-%E1%80%85%E1%80%80%E1%80%BA%E1%80%98%E1%80%AE%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2