အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ ပြိုင်ပွဲ ဝင်ရောက်ယှဉျပြိုင်မည့် မြန်မာ့လက်ရွေးစင် Indoor Hockey အသင်း သည် ပြိုင်ပွဲအကြို ပြင်ဆင်မှုတစ်ရပ်အနေဖြင့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ဇွန်လ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ ချိန်ခန့်တွင် လေယာဉျခရီးစဉျအမှတ် (OD550)ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ မြန်မာ့လက်ရွေးအသင်းကို မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လတ် နှင့် အမှုဆောင်များ က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ကြိုဆိုခဲ့ကြပါသည်။
မြန်မာ့လက်ရွေးစင် Indoor Hockey အသင်းသည် ရက်ပေါင်း ၂၀ ကြာ ပူးတွဲလေ့ကျင့်စဉျကာအတွင်း မြန်မာနည်းပြများနှင့်အတူ မလေးရှားနည်းပြများက နည်းစနစ်၊ နည်းဗျူဟာများ လေ့ကျင့်သင်ကြားပေးခဲ့ပြီး မလေးရှား ဒိုင်လူကြီးများကလည်း စည်းမျဉျးစည်းကမ်း၊ ဥပဒေများကို ကွင်းအတွင်း၌လည်းကောင်း၊ ခန်းမတွင်း video session များဖြင့်လည်းကောင်း ရှင်းလင်းပြောကြား ပို့ချပေးခဲ့ကြပါသည်။
လက်ရည်စမ်းပြိုင်ပွဲများအဖြစ် အောက်ပါအတိုင်း ယှဉျပြိုင်ကစားခဲ့ကြပါသည်-
၂၂-၅-၂၀၁၉ Ipoh Academy Youth 2 : 4 Myanmar
၂၃-၅-၂၀၁၉ MBI 5 : 8 Myanmar
Perak Hockey Association ၏ Vice President Dato Abd Rahim b Md Ariff က မေလ ၃၀ ရက်နေ့ တွင် ညစာဖြင့် တည်ခင်းဧည့်ခံကွေၽးမွေးခြင်း၊ ဇွန်လ ၄ ရက်နေ့တွင် တွေ့ဆုံ အားပေးစကားပြောကြား၍ အမှတ်တရ လက်ဆောင်ပစ်စည်းများ ပေးအပ်ခဲ့ပါသည်။
Indoor Hockey အားကစားနည်း သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ဖွဲ့စည်း၍ ယခုနှစ် ကျင်းပမည့် SEA Games သို့ ဝင်ရောက်ယှဉျပြိုင်ရန် ရည်ရွယ်ထားသဖြင့် ယခုကဲ့သို့ ပူးတွဲလေ့ကျင့်မှု ပြုလုပ်ခွင့်ရရှိသဖြင့် များစွာ အကျိုးရှိခဲ့ပါသည်။ ပြည်ထောင်စုသမ်မတမြန်မာနိုင်ငံတော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၏ လမ်းညှှန်ဖြည့်ဆည်းပေးမှု၊ အပြည်ပြည်ဆိုင်ရာ ဟော်ကီအဖွဲ့ချုပ်၊ အာရှဟော်ကီအဖွဲ့ချုပ် နှင့် ဒေသတွင်းဟော်ကီအားကစား အဆင့်အတန်းမြင့်မားသည့် မလေးရှား ဟော်ကီအဖွဲ့ချုပ်၊ Perak Hockey Association တို့၏ အားပေးကူညီမှုများ စသည်တို့ဖြင့် အရည်အသွေး ပိုမိုတိုးတက််လာစေရန် မြန်မါနိုင်ငံဟေါ်ကီအဖွဲ့ချုပ် ဥက်ကြ နှင့် အလုပ်အမှုဆောင်တို့က စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားကြပါမည်။