spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ပြည်ထောင်စုရာထူး၀န်အဖွဲ့မှခန့်အပ်သည့် ဦးစီးအရာရှိရာထူးနှင့် အဆင့်တူရာထူးနေရာများသို့ခန့်ထားသူများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှတွေ့ဆုံလမ်းညွှန်မှုအခမ်းအနား

ပြည်ထောင်စုရာထူး၀န်အဖွဲ့မှခန့်အပ်သည့် ဦးစီးအရာရှိရာထူးနှင့် အဆင့်တူရာထူးနေရာများသို့ခန့်ထားသူများအား ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်မှတွေ့ဆုံလမ်းညွှန်မှုအခမ်းအနား

 
 
နေပြည်တော်၊ ဇွန်လ(၇)ရက်။
 
ပြည်ထောင်စုရာထူး၀န်အဖွဲ့မှ ခန့်အပ်သည့်ဦးစီးအရာရှိရာထူးနှင့် အဆင့်တူ ရာထူးနေရာများသို့ ခန့်ထားသူများအား တွေ့ဆုံလမ်းညွှန်မှု အခမ်းအနားအား ယနေ့နံနက်(၁၀) နာရီ အချိန်တွင်နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်း၀န်ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုရာထူး၀န်မှ ရွေးချယ်ပေးထားသေ ာဦးစီးအရာရှိရာထူးနှင့် အဆင့်တူအရာရှိ(၂၈)ဦး တက်ရောက်ကြပါသည်။
 
ရှေးဦးစွာ ဒုတိယ၀န်ကြီးအား ဦးစီးအရာရှိ၊ အားကစားမှူးများမှတစ်ဦးချင်းမိတ်ဆက် ဂါရ၀ပြုကြပါသည်။ ထို့နောက် ဒုတိယ၀န်ကြီးမှတက်ရောက်လာကြသောဦးစီးအရာရှိများအား ၀န်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီမိမိတို့လက်အောက်ရှိ ၀န်ထမ်းများအား အုပ်ချုပ်ကွပ်ကဲရန်နှင့် နိုင်ငံ့၀န်ထမ်းဆိုင်ရာဥပဒေများ၊ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများ၊ အားကစားကွင်း/ရုံများ၊ အားကစားနည်းများကို ကျွမ်းကျင်စွာပိုင်နိုင်စွာ သိရှိထားရမည်ဖြစ်ပြီး မိမိတို့တွင်ရှိသော ပင်ကိုယ်စွမ်းရည်နှင့် အရည် အချင်းများကို လက်တွေ့အသုံးချကာ မိမိတို့ ၀န်ကြီးဌာန၏ပုံရိပ်အား မြင့်တင်ပေးစေလိုကြောင်း၊ အားကစားဆိုင်ရာများနှင့် ပတ်သက်သောအကြောင်းအရာများအား အပတ်တကုတ်လေ့လာသင်ကြားပြီး ထူးချွန် ထက်မြက်သော အရာရှိများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
 
 
 
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ ဖြည့်စွက်အမှာစကားပြောကြားရာတွင် ပြည်နယ်/တိုင်းတွင် တာ၀န်ကျသော အားကစားမှူးများအနေဖြင့်လည်း မိမိတာ၀န်ကျသည့် ဒေသတွင် အားကစားနည်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ ရုံးချုပ်နှင့် ဌာနခွဲတွင် တာ၀န်ကျသည့် ဦးစီးအရာရှိများ အနေဖြင့်လည်း ရုံးပိုင်းဆိုင်ရာကိစ္စရပ်များအား စနစ်တကျသိရှိနားလည်အောင် လေ့လာစေလိုကြောင်း နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း သေချာလေ့လာလိုက်နာစေရန် မှာကြားခဲ့ပါ သည်။
 
ဆက်လက်ပြီး ဒုတိယ၀န်ကြီးမှ တက်ရောက်လာကြသော ဦးစီးအရာရှိများအား သက်ဆိုင်ရာ နယ်ပယ်ဌာနခွဲများတွင် ခန့်အပ်ထားသည့် တာ၀န်ကျခန့်အပ် အမိန့်များအား ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%91%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%85%E1%80%AF%E1%80%9B%E1%80%AC%E1%80%91%E1%80%B0%E1%80%B8%E1%81%80%E1%80%94%E1%80%BA%E1%80%A1%E1%80%96%E1%80%BD%E1%80%B2%E1%80%B7%E1%80%99%E1%80%BE%E1%80%81%E1%80%94%E1%80%BA%E1%80%B7%E1%80%A1%E1%80%95%E1%80%BA%E1%80%9E%E1%80%8A%E1%80%BA%E1%80%B7-%E1%80%A6%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%A1%E1%80%9B%E1%80%AC%E1%80%9B%E1%80%BE%E1%80%AD%E1%80%9B%E1%80%AC%E1%80%91%E1%80%B0%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7