spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

 
နေပြည်တော်၊ ဒီဇင်ဘာ(၁၄)ရက်။
 
မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်လျက် ရှိပြီး ၂ဝ၁၇ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင်  ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပပြုလုပ်ရာ ဗန်တိုအတိုက်ပြိုင်ပွဲအဖြစ် အမျိုးသား(၄၅-၄၉) ကီလိုတန်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရာ နိုင်ရောဟန်(ချင်း)၊ နေဝဏ္ဏအောင်(ဧရာဝတီ)၊ စိုင်းဝေထူး (ရန်ကုန်)၊ ဖြိုးထက်ကိုကို(မန္တလေး) တို့မှလည်းကောင်း၊ အမျိုးသား(၄၉-၅၃)ကီလိုတန်းပြိုင်ပွဲတွင် အောင်ဇော်သက်(ပဲခူး)၊ စိုင်းမြတ်သူ(ရှမ်း)၊ အောင်ကိုလတ်(မွန်)၊ ဖြိုးဇေယျာ(မန္တလေး) တို့မှ လည်းကောင်း၊ အမျိုးသား(၅၃-၅၇)ကီလိုတန်းပြိုင်ပွဲတွင် ဝိုင်းချစ်(မန္တလေး)၊ပြည်သက်ဇော်(ကချင်)၊ ကျော်ဝင်းလှိုင်(ပဲခူး)၊ ကျော်မင်းသွင်(မွန်)တို့မှလည်းကောင်း၊ အမျိုးသမီး(၄၅-၄၉)ကီလိုတန်းပြိုင်ပွဲတွင် ခင်မိုးဦး(တနင်္သာရီ)၊ ညိုညိုစန်း(မန္တလေး)တို့မှလည်းကောင်း၊ အမျိုးသမီး(၄၉-၅၃)ကီလိုတန်းပြိုင်ပွဲတွင် အိရှိူးခွက်(ရှမ်း)၊ ရွှေဥ(မွန်)တို့မှလည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
ဆက်လက်၍ ဓါးသိုင်းအတိုက်ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရာ အမျိုးသမီး (ဓါး-၁) (၄၅-၅ဝ)ကီလိုတန်းပြိုင်ပွဲတွင် သန်းသန်းဌေး(စစ်ကိုင်း)မှလည်းကောင်း၊ အမျိုးသမီး(ဓါး-၂)ကိုယှဉ်ပြိုင် ကစားကြရာ ဇင်ဇင်ထွန်း(မွန်)မှလည်းကောင်း၊ အမျိုးသား (ဓါး-၁) (၄ဝ-၄၅)ကီလိုတန်းပြိုင်ပွဲတွင် အောင်ကိုဖြိုး(ရှမ်း)၊ ကိုလင်း(ပဲခူး)မှလည်းကောင်း၊ အမျိုးသား(ဓါး-၁) (၄၅-၅ဝ) ကီလိုတန်းပြိုင်ပွဲတွင် နေလင်းဦး(ပဲခူး)၊ စည်သူအောင်(ဧရာဝတီ)မှလည်းကောင်း၊ အမျိုးသား(ဓါး-၁) (၅ဝ-၅၅) ကီလိုတန်းပြိုင်ပွဲတွင် ရန်နောင်ထွန်း(မန္တလေး)၊ဇေယျာဝင်း(ရန်ကုန်)၊ လွင်မိုးအောင်(ပဲခူး)၊ ဝေယံထွန်း (စစ်ကိုင်း)မှလည်းကောင်း၊ အမျိုးသမီး (ဓါး-၁) (၄ဝ-၄၅) ကီလိုတန်းပြိုင်ပွဲတွင် ပြည့်ပြည့်ဝင်း(စစ်ကိုင်း)၊ မိုးပွင့်ဖြူ(မွန်) တို့မှလည်းကောင်း အသီးသီးအနိုင်ရရှိသွားပါသည်။
 
အဆိုပါ ၂ဝ၁၇ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲကို (၁၈.၁၂.၂ဝ၁၇) ရက်နေ့အထိ နေ့စဉ် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ြ)ရုံ၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပါသဖြင့် မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
 

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%81%82%E1%80%9D%E1%81%81%E1%81%87-%E1%80%81%E1%80%AF%E1%80%94%E1%80%BE%E1%80%85%E1%80%BA%E1%81%8A-%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B7%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%B7%E1%80%9E%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2-%E1%80%86%E1%80%80%E1%80%BA%E1%80%9C%E1%80%80%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%BA%E1%80%B8%E1%80%95