ရန်ကုန် ဇွန်(၈) ရက်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (မက္ကာအို)မြို့တွင် ဇွန်လ(၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၉ခုနှစ် မက္ကာအိုဖိတ်ခေါ် နဂါးလှေလှော်ပြိုင်ပွဲ မြန်မာ့လက်ရွေးစင် အမျိုးသမီးလှေလှော်အသင်းသည် ဒုတိယငွေတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမျိုးဆွေသိမ်း ဦးဆောင်ကာ အုပ်ချုပ်သူအဖြစ် ဦးသက်လွင် နည်းပြဦးဝင်းဖေ နှင့်စကားပြန်တစ်ဦး မြန်မာ့လက်ရွေးစင်အမျိုးသမီးအားကစားသမား ၂၄ဦးတို့ သည်ယမန်နေ့ညနေ ၆နာရီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ မက္ကာအိုမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံလှေလှော်ဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း ဒုတိယဥက္ကဌများ အလုပ်အမှု့ဆောင်အဖွဲ့ဝင်များ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှကျောင်းသား/ကျောင်းသူများ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ စခန်းဝင်လှေလှော်အားကစားမောင်/မယ်များက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။
မကာအိုဖိတ်ခေါ်လှေလှော်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးလှော်အသင်းသည် အမျိးသမီးမီတာ ၅၀၀ တက်(၂၀)ပြိုင်ပွဲတစ်ခုတည်းသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမအဆင့်ဟိပြိုင်ပွဲတွင် အင်းအားကြီး တရုတ်အသင်းနှင့် ထိုင်းအသင်းများကိုကျော်ဖြတ်ပြီး ပထမအဆင့်ဖြင့်ပန်းဝင်ခဲ့ကာ ဖိုင်အဆင့် ဗိုလ်လုပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။
အဆိုပါအမျိုးသမီး မီတာ(၅၀၀)တက် ၂၀ ပြိုင်ပွဲတွင် ပထမ တရုတ်အမျိုးသမီးအသင်းက စံချိန် ၂မိနစ် ၀၃ ဒသမ ၄၃၉စက္ကန့်ဖြင့်( ပထမ)ရွှေတံဆိပ်နှင့် ဆုငွေအမေရိကန်ဒေါ်လာ (၁၀၀၀၀)! မြန်မာ့လက်ရွေးစင်လှေလှော်အသင်းက စံချိန် ၂မိနစ် ၀၃ ဒသမ ၅၆၁ စက္ကန့်ဖြင့် တစ်ဦးချင်းဒုတိယဆုနှင့်ဆုငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ ! ထိုင်းနိုင်ငံအသင်း စံချိန် ၂မိနစ် ၀၅ ဒသမ ၂၇၁ စက္ကန့်ဖြင့် တတိယကြေးတံဆိပ်ဆုနှင့် ဆုငွေအမေရိကန်ဒေါ်လာ ၃၀၀၀တို့ အသီးသီးရရှိခဲ့ကြပြီး ၄င်းကောင်းပြိုင်ပွဲတွင် စင်ကာပူအသင်းက အဆင့်(၄) ! မက္ကာအိုအသင်းက အဆင့်(၅) နှင့် ဟောင်ကောင်အသင်းက အဆင့်(၆)တို့ အသီးသီးရရှိခဲ့ကြောင်း သတင်းရရှိသည်။