spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသည့် ပြေးခုန်ပစ်ကစားသမားများအား တိုက်ခန်းတစ်ခန်းနှင့် ကားတစ်စီး ချီးမြှင့်မည်

ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသည့် ပြေးခုန်ပစ်ကစားသမားများအား တိုက်ခန်းတစ်ခန်းနှင့် ကားတစ်စီး ချီးမြှင့်မည်

 
ရန်ကုန် ဇွန် (၁၀) 
 
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူပေးနိုင်သည့် ပြေးခုန်ပစ်အားကစားသမား များအား တိုက်ခန်းတစ်ခန်းနှင့် ကားတစ်စီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်မှ သိရသည်။
 
''ကျွန်တော်တို့ ကစားသမားအနေနဲ့ ထိုက်တန်တဲ့ ဆုကြေးငွေရရှိမှသာ ဘ၀ရပ်တည်ရေး ခိုင်မာလာနိုင်မှာဖြစ်လို့ မျိုးဆက်သစ်ကစားသမားတွေလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ရွှေရဖို့က တကယ်မလွယ်တဲ့ကစားနည်းပါ။ မလွယ် လို့လည်းပေးတာ မဟုတ်ပါဘူး။ အားကစားလောက အားကစားနည်းတွေ အားကျ လာအောင်၊ သူတို့ရဲ့ ဘ၀ပြောင်းလဲသွားအောင် အဖွဲ့ချုပ် ဥက္ကဋ္ဌက တိုက်ခန်းတစ်ခန်း၊ ဒုတိယဥက္ကဋ္ဌ ကားတစ်စီးချီးမြှင့်သွားမှာ ဖြစ်ပါတယ်'' ဟု အတွင်းရေးမှူး ဦးကျော်ထူးအောင်က ပြောသည်။ 
''ပြေးခုန်ပစ်အဖွဲ့ချုပ်အသစ်တာဝန်ယူတာ ခြောက်လရှိပြီ။ ဆီးဂိမ်းလေ့ကျင့် ရတဲ့အချိန်က နည်းသေးတယ်။ အခုနေပြည်တော်မှာ လူရွေးပွဲလုပ်နေတယ်။စခန်း သွင်းထားတာ ကစားသမား ၉၀ ကျော် ရွေးထားတယ်။ ဆန်ခါတင်လူရွေးပွဲမှာ အရင်နှစ် အရှေ့တောင်အာရှ စံချိန်ပေါ်မှာမူတည်ပြီး ရွေးမယ်။ ၁၊ ၂ ၊ ၃ ရတဲ့သူက နိုင်ငံတော်စရိတ်နဲ့ပေါ့။ ၄၊ ၅၊ ၆ ရတဲ့ သူက အဖွဲ့ချုပ်စရိတ်ပေါ့။ အတန်းမဝင်ဘူး။ အလားအလာရှိတဲ့ ကစားသမားကို အား/ကာ ဦးစီးဌာနနဲ့ညှိနှိုင်းပြီး စခန်းသွင်း သွားမှာ ဖြစ်တယ်။ ဒါကြောင့် အပိုင်း သုံးပိုင်းခွဲထားတာ ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။ 
 
မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ အားကစားသမားများသည် နေပြည်တော်၌ ဇွန် ၁၉ ရက်တွင် ကွင်းတွင်းပြိုင်ပွဲများပြီးဆုံးပြီး ဇွန် ၂၁ ရက်တွင် မာရသွန် လူရွေးပွဲ နှင့် ဇွန်လနောက်ဆုံးပတ်နှင့် ဇူလိုင်လပထမပတ်တွင် အပြီးသတ်လူစာရင်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။ အာကာစိုး

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%90%E1%80%BD%E1%80%84%E1%80%BA-%E1%80%9B%E1%80%BD%E1%80%BE%E1%80%B1%E1%80%90%E1%80%B6%E1%80%86%E1%80%AD%E1%80%95%E1%80%BA%E1%80%9B%E1%80%9B%E1%80%BE%E1%80%AD%E1%80%9E%E1%80%8A%E1%80%B7%E1%80%BA-%E1%80%95%E1%80%BC%E1%80%B1%E1%80%B8%E1%80%81%E1%80%AF%E1%80%94%E1%80%BA%E1%80%95%E1%80%85%E1%80%BA%E1%80%80%E1%80%85%E1%80%AC%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%81%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%85%E1%80%BA%E1%80%81%E1%80%94%E1%80%BA%E1%80%B8%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%80%E1%80%AC%E1%80%B8%E1%80%90%E1%80%85%E1%80%BA%E1%80%85%E1%80%AE%E1%80%B8