spedmyanmar
Published on spedmyanmar (https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com)

Home > အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ အလေးမပြိုင်ပွဲများအတွက် လူရွေးပွဲကျင်းပမည်

အကြိမ်(၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာ အလေးမပြိုင်ပွဲများအတွက် လူရွေးပွဲကျင်းပမည်

 
ရန်ကုန် ဇွန် (၁၀ )
 
အိုလံပစ်နေ့အထိမ်းအမှတ်ပြိုင်ပွဲ၊ အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲနှင့် အပြည်ပြည်ဆိုင်ရာအလေးမပြိုင်ပွဲများအတွက် လက်ရွေးစင်အလေးမ အားကစားသမားများ ရွေးချယ်ပွဲကို ဇွန်၂၆ရက်တွင် ရန်ကုန်မြို့ အောင်ဆန်းအားကစား ပြိုင်ဝင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 
 
အဆိုပါပြိုင်ပွဲတွင်အမျိုးသမီး ၄၅၊ ၄၉ ၊ ၅၅ ကီလိုတန်း စုစုပေါင်း ၁၄၀ ကီလိုဖြင့် လည်းကောင်း၊ ၅၉ ၊ ၆၄ ၊ ၇၁ နှင့်အထက် ကီလိုတန်းများအတွက် စုစုပေါင်း ၁၆၀ ကီလို ဖြင့်လည်းကောင်း၊ အမျိုးသား ၅၅၊ ၆၁ ၊ ၆၇ ကီလိုတန်းများအတွက် စုစုပေါင်း၂၃၀ ကီလိုတန်းဖြင့် လည်းကောင်း၊ ၇၃ နှင့်အထက် ကီလိုတန်းများအတွက် စုစုပေါင်း၂၅၀ ကီလိုဖြင့်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
 
ယင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသော အားကစားသမားများသည် ဇွန် ၂၁ ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်ရုံး အီးမေးလ် mwf1946.mm@gmail.com [1]သို့ ဖြစ်စေ၊ စာရင်းပေးသွင်းနိုင်ပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉-၉၇၂၃၉၉၉၈၈ သို့ ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း သိရသည်။
 
#Credit: အာကာစို

Source URL: https://www.67694772-70-20191006153726.webstarterz.com/spedmyanmar.com/content/%E1%80%A1%E1%80%80%E1%80%BC%E1%80%AD%E1%80%99%E1%80%BA%E1%81%83%E1%81%80%E1%80%99%E1%80%BC%E1%80%B1%E1%80%AC%E1%80%80%E1%80%BA-%E1%80%86%E1%80%AE%E1%80%B8%E1%80%82%E1%80%AD%E1%80%99%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA-%E1%80%A1%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%9B%E1%80%AC-%E1%80%A1%E1%80%9C%E1%80%B1%E1%80%B8%E1%80%99%E1%80%95%E1%80%BC%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BB%E1%80%AC%E1%80%B8%E1%80%A1%E1%80%90%E1%80%BD%E1%80%80%E1%80%BA

Links
[1] mailto:mwf1946.mm@gmail.com